နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, April 4, 2008

ခန္တီတရားကဗျာ-

ခန္တီတရားကဗျာ-

၁။ ခန္တီ ခန္တီ ပါရမီ အဆီပေါပါလှ။
၂။ ခန္တီတစ်လုံး အမြဲသုံး လူမုန်းမခံရ။
၃။ လောကုတ် လောကီ ကျိုးနှစ်လီ ခန္တီပါမှ ပြီးနိုင်ကြ။
၎။ ဆယ်ပါးသုံးလီ ပါရမီ ခန္တီခဲယဉ်းလှ။
၅။ ခန္တီတစ်ခု လက်ကိုင်ပြု ပယ်မှုမရောက်ခန်း။
၆။ သုခ သုခ ဆိုသမျှ သည်းခံနိုင်မှ အမြန်ရ။
၇။ ဆိုဆဲကြမ်းတမ်း နှုတ်သရမ်း ခန္တီရေနှင့် ဆွတ်ကာဖြန်း။
၈။ ဖြန်းလို့ စိုပြန် မိမိထံ အမှန် မရောက်တမ်း။
၉။ မရောက်ခဲ့ပြန် မပူပန် အမှန်ချမ်းသာရ။
၁၀။ မဂ်လမ်းဖိုလ်လမ်း သွားစခန်း ခန္တီပါမှ ရောက်စတမ်း။
၁၁။ မာန်မာနတက် ဒေါသထွက် ခန္တီလက်နဲ့ ပယ်ကာယမ်း။

သီလရှင် ဆရာကြီး ဒေါ်ဝဏ္ဏမာယီ။

No comments: