နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, April 6, 2008

ဗုဒ္ဓမိန့်မှာ ကိုယ်ချင်းစာ-

ဗုဒ္ဓမိန့်မှာ ကိုယ်ချင်းစာ-

သူ့အသက်အား သတ်လိုငြား စဉ်းစားကိုယ်ချင်းစာ၊
သူ့ဥစ္စာများ ခိုးလိုငြား စဉ်းစားကိုယ်ချင်းစာ၊
သူ့သားမယား မှားလိုငြား စဉ်းစားကိုယ်ချင်းစာ၊
မမှန်စကား ပြောလိုငြား စဉ်းစားကိုယ်ချင်းစာ၊
ဂုံးချောစကား ပြောလိုငြား စဉ်းစားကိုယ်ချင်းစာ၊
ရိုင်းပြစကား ပြောလိုငြား စဉ်းစားကိုယ်ချင်းစာ၊
ကျိုးမဲ့စကား ပြောလိုငြား စဉ်းစားကိုယ်ချင်းစာ၊
ကိုယ်ချင်းစာတရား ခုနှစ်ပါး ဟောကြားမြတ်ဗုဒ္ဓါ၊
လိုက်နာကျင့်လျှင် မျက်မှောက်တွင် ပျော်ရွှင်ချမ်းသာရာ၊
သေပြန်လျှင်လည်း မှန်မလွဲ ရမြဲနတ်ချမ်းသာ၊
ချမ်းသာကိုရှာ များသူငါ လိုက်နာကျင့်အပ်စွာ။

No comments: