နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 2, 2008

ဘုရား စေတီ တန်ခိုးပြခြင်း-

ဘုရား စေတီ တန်ခိုးပြခြင်း-

သုံးယောက်သောပုဂ္ဂိုလ်တို့ကြောင့် စေတီတော် တန်ခိုးပြ၏။

အဘယ်သုံးယောက်နည်းဟူမူ-
၁။ ရဟန္တာပဂ္ဂိုလ်၏ အဓိဋ္ဌာန်ဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော
ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။
၂။ နတ်တို့၏ အဓိဋ္ဌာန်ဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော
ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။
၃။ သဒ္ဓါတရား အားရှိသော ရဟန်းရှင်လူတို့၏ အဓိဋ္ဌာန်ဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌
တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မိလိန္ဒပဥှာ၊ ၃-ဝေဿန္တရ၀ဂ်၊ စာ-၃၁၈။

No comments: