ကုလသုတ်
ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်သော အိမ်၌
လူတို့သည် ငါးမျိုးသော အကြောင်းတို့ဖြင့် ကောင်းမှုကို ပွါးစေကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ -
၁။ လူတို့သည် ဖူးမြင်ရ၍ စိတ်ကြည်လင်သောအခါ ထိုအိမ်သည် နတ်ပြည်၌ ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည် မည်၏။
၂။ လူတို့သည် ခရီးဦး ကြိုဆိုကြ ရှိခိုးကြ နေရာထိုင်ခင်း ပေးကြသောအခါ ထိုအိမ်သည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည် မည်၏။
၃။ လူတို့သည် ၀န်တိုမှု အညစ်အကြေးကို ပယ်ဖျောက်သောအခါ ထိုအိမ်သည် တန်ခိုးကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည် မည်၏။
၎။ လူတို့သည် အစွမ်းရှိသလောက် အားရှိသလောက် ဝေဖန်လှူဒါန်းသော အခါ ထိုအိမ်သည် ဥစ္စာ ပေါများခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည် မည်၏။
၅ လူတို့သည် ပုစ္ဆာမေးကြ ပြဿနာမေးကြ တရားနာကြသောအခါ ထိုအိမ်သည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည် မည်၏။
ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ဤငါးမျိုးသော အကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို ပွါးစေကုန်၏ဟု မိန့်တော်မူ၏။
ကုလသုတ်၊ ဗြဟ္မဏ၀ဂ်၊ အဂုင်္တ္တိုရ်။
No comments:
Post a Comment