နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 7, 2008

အမျိုးကောင်း သား သမီးတို့၌ အာနိသင် ၅-ပါး-

ရဟန်းတို့ သဒ္ဓါတရားရှိသော
အမျိုးကောင်း သား သမီးတို့၌ အာနိသင်တို့သည် ဤ ၅-ပါးတို့တည်း။

အဘယ် ၅-ပါးတို့နည်းဟူမူ-
၁။ သူတော်ကောင်းတို့သည် သနားစောင့်ရှောက်ကုန်သည်ရှိသော်
သဒ္ဓါတရားနှင့် ပြည့်စုံသောသူကိုသာလျှင် ရှေးဦးစွာ စောင့်ရှောက်ကုန်၏၊
သဒ္ဓါတရားနှင့် မပြည့်စုံသောသူကို ထိုကဲ့သို့ မစောင့်ရှောက်ကုန်။
၂။ သူတော်ကောင်းတို့သည် ချဉ်းကပ်ကုန်သည်ရှိသော်
သဒ္ဓါတရားနှင့် ပြည့်စုံသူသို့သာလျှင် ရှေးဦးစွာ ချဉ်းကပ်ကုန်၏၊
သဒ္ဓါတရားနှင့် မပြည့်စုံသောသူကို ထိုကဲ့သို့ မချဉ်းကပ်ကုန်။
၃။ သူတော်ကောင်းတို့သည် အလှူခံကုန်သည်ရှိသော်
သဒ္ဓါတရားနှင့် ပြည့်စုံသူ၌သာလျှင် ရှေးဦးစွာ အလှူခံကုန်၏၊
သဒ္ဓါတရားနှင့် မပြည့်စုံသောသူကို ထိုကဲ့သို့ အလှူမခံကုန်။
၎။ သူတော်ကောင်းတို့သည် တရားဟောကုန်သည်ရှိသော်
သဒ္ဓါတရားနှင့် ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ တရားဟောကုန်၏၊
သဒ္ဓါတရားနှင့် မပြည့်စုံသူကို ထိုကဲ့သို့ မဟောကြားကုန်။
၅။ သဒ္ဓါတရားရှိသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌
နတ်ပြည်လောကသို့ ရောက်ရ၏။

ရဟန်းတို့-
လမ်းလေးခုဆုံရာ၌ ပေါက်ရောက်သော ပညောင်ပင်ကြီးသည် ငှက်အပေါင်းတို့၏ မှီခိုရာဖြစ်သကဲ့သို့၊
ထို့အတူပင် သဒ္ဓါတရားရှိသော အမျိုးကောင်းသား သမီးသည် များစွာသော အလှူခံတို့၏ မှီခိုရာဖြစ်၏။
အကိုင်း အခက် အရွက် အသီးနှင့် ပြည့်စုံ၍ ကြီးမားသော သစ်ပင်သည် ငှက်အပေါင်းတို့၏ နားခိုရာဖြစ်သကဲ့သို့၊
ပျော်မွေ့ဖွယ်ကောင်း၍ ထိုသစ်ပင်ကြီးကို ငှက်အပေါင်းတို့ မှီဝဲဘိသကဲ့သို့၊
အရိပ်အလိုရှိသောငှက်တို့သည် ထိုသစ်ပင်ကြီးသို့ ကပ်ရောက်သကဲ့သို့၊
အသီးအလိုရှိသောငှက်တို့သည် အသီးကိုစားလျက် သွားကုန် ဘိသကဲ့သို့။

ထို့အတူသာလျှင် သီလနှင့်ပြည့်စုံသော မခက်ထန်သော
အလှူအတန်း၌ မွေ့လျော်သော ပြေပြစ်နူးညံ့သော သဒ္ဓါတရားနှင့် ပြည့်စုံသောသူကိုသာလျှင်၊
ရဟန်းတို့သည် မှီဝဲ ချဉ်းကပ်ကြကုန်၏။

No comments: