နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, August 13, 2008

သညောဇနသုတ် (သံယောဇဉ်ဖြင့် နှောင်ဖွဲ့တတ်သောတရား)

သညောဇနသုတ် (သံယောဇဉ်ဖြင့် နှောင်ဖွဲ့တတ်သောတရား)

ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -
သံယောဇဉ်တို့၏ အကြောင်း ဖြစ်ကုန်သော တရားတို့၌
သာယာသောအားဖြင့် အဖန်ဖန် ရှုခြင်း၎င်း၊
သံယောဇဉ်တို့၏ အကြောင်း ဖြစ်ကုန်သော တရားတို့၌
ငြီးငွေ့သောအားဖြင့် အဖန်ဖန် ရှုခြင်း၎င်း။ ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ သံယောဇဉ်တို့၏ အကြောင်း ဖြစ်ကုန်သော တရားတို့၌
သာယာသောအားဖြင့် ရှုသည်ဖြစ်၍နေသော သူသည်
တပ်မက်ခြင်း {ရာဂ} ကို မပယ်ဖျောက်နိုင်၊
ပြစ်မှားခြင်း {ဒေါသ} ကို မပယ်ဖျောက်နိုင်၊
တွေဝေခြင်း {မောဟ} ကို မပယ်ဖျောက်နိုင်၊
ရာဂ၊ ဒေါသ မောဟကို မပယ်ဖျောက်နိုင်သည်ရှိသော်
ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း
စိုးရိမ်ခြင်း ငိုကြွေးမြည်တမ်းခြင်း
ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊
ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်ကင်းနိုင်၊
ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်ဟု ငါဆို၏။

ရဟန်းတို့ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌
ငြီးငွေ့သောအားဖြင့် အဖန်ဖန် ရှုသည် ဖြစ်၍ နေသောသူသည်
တပ်မက်ခြင်း {ရာဂ} ကို ပယ်စွန့်နိုင်၏
ပြစ်မှားခြင်း {ဒေါသ} ကို ပယ်စွန့်နိုင်၏
တွေဝေခြင်း {မောဟ} ကို ပယ်စွန့်နိုင်၏
ရာဂ ဒေါသ မောဟကို ပယ်စွန့်နိုင်သည်ရှိသော်
ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း
စိုးရိမ်ခြင်း ငိုကြွေးမြည်တမ်းခြင်း
ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊
ပြင်းစွာပင်ပန်းရခြင်းတို့မှ လွတ်ကင်းနိုင်၏
ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်၏ဟု ငါဆို၏။

ရဟန်းတို့ တရားတို့ကား ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌ၊ သညောဇနသုတ်၊ ကမ္မကရကဏ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။