ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၈၈
ယုတ်ညံ့သော နှလုံးသွင်းရှိသော ပုဂ္ဂိုလ်-
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိမူ၍ ယုတ်ညံ့သော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်သည် သီလမရှိသော ယုတ်ညံ့သော အကျင့်ရှိသော တစ်ပါးသော ပုဂ္ဂိုလ် ကို မှီဝဲ၏၊ ဆည်းကပ်၏၊ အဖန်ဖန် ချဉ်းကပ်၏၊ ဤပုဂ္ဂိုလ်ကို ယုတ်ညံ့သော နှလုံး သွင်းရှိသော {ဟီနာဓိမုတ္တ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။
ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။