နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, August 16, 2008

အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၈၂

အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်-

ထိုစကားရပ်၌ အယူနှင့် ပြည့်စုံခြင်း {ဒိဋ္ဌိသမ္ပဒါ} ဟူသည် အဘယ်နည်း၊

အလှူ၏ အကျိုးသည် ရှိ၏၊
ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊
ပသခြင်း၏ အကျိုးသည် ရှိ၏၊
ကောင်းစွာပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးရင်း အကျိုးဆက်သည် ရှိ၏၊
ဤပစ္စုပ္ပန်လောကသည် ရှိ၏၊
တမလွန် လောကသည် ရှိ၏၊
အမိ၌ ကောင်းစွာပြုမှု မကောင်းသဖြင့် ပြုမှု၏ အကျိုးသည် ရှိ၏၊
အဖ၌ ကောင်းစွာပြုမှု မကောင်းသဖြင့် ပြုမှု၏ အကျိုးသည် ရှိ၏၊
(ငရဲစသော) ဥပပါတ်သတ္တ၀ါသည် ရှိ၏၊
ဤလောကကိုလည်းကောင်း တစ်ပါးသော လောကကို လည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ဖြောင့်မှန် သော အရိယမဂ်သို့ ရောက်ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ ရှိကုန် ၏ ဟု ဤသို့ သဘောရှိသော အကြင်သိခြင်း အပြားအားဖြင့် သိခြင်း။ပ။
မတွေမဝေသိခြင်း တရားကို အထူးဆင်ခြင်ခြင်း ကောင်းစွာသိခြင်း {သမ္မာဒိဋ္ဌိ} သည် ရှိ၏။
ဤသဘောစုကို အယူနှင့် ပြည့်စုံခြင်း {ဒိဋ္ဌိသမ္ပဒါ} ဟူ၍ ဆိုအပ်၏၊
အလုံးစုံသော ကောင်းစွာသိမှု {သမ္မာဒိဋ္ဌိ} ကိုလည်း အယူနှင့် ပြည့်စုံခြင်းဟူ၍ပင် ဆိုအပ်၏၊
ဤအယူပြည့်စုံခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။