နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, August 11, 2008

ဗောဇ္ဈင် ၇-ပါး အကျယ် (ဒုတိယနည်း)


ဗောဇ္ဈင် ၇-ပါး အကျယ် (ဒုတိယနည်း)

အကျယ်ဖတ်လိုပါလျှင်

သစ္စာလေးပါးကိုသိကြောင်း ဗောဇ္ဈင်တရားခုနစ်ပါးတို့ကား-

(၁) အောက်မေ့မှု သတိသမ္ဗောဇ္ဈင်။
(၂) သဘောတရားတို့ကို စိစစ်မှု ဓမ္မ၀ိစယသမ္ဗောဇ္ဈင်။
(၃) အားထုတ်မှု ၀ီရိယသမ္ဗောဇ္ဈင်။
(၄) နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင်။
(၅) ငြိမ်းအေးမှု ပဿဒ္ဓိသမ္ဗောဇ္ဈင်။
(၆) တည်ကြည်မှု သမာဓိသမ္ဗောဇ္ဈင်။
(၇) လျစ်လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။

(၁) သတိသမ္ဗောဇ္ဈင်
ထိုတရားတို့တွင် အဘယ်သည် အောက်မေ့မှု သတိသမ္ဗောဇ္ဈင် မည်သနည်း။
ကိုယ်တွင်းသင်္ခါရတရားတို့၌ အောက်မေ့မှု သတိသည် ရှိ၏။ ကိုယ်ပသင်္ခါရတရား တို့၌ အောက်မေ့မှု သတိသည် ရှိ၏။ (ထိုနှစ်မျိုးတို့တွင်) ကိုယ်တွင်းသင်္ခါရတရား တို့၌ အောက်မေ့မှု သတိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ် ကိုရရန်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ဖြစ်၏။ ကိုယ်ပ သင်္ခါရတရားတို့၌ အောက်မေ့ မှု သတိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကိုရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။

(၂) ဓမ္မ၀ိစယသမ္ဗောဇ္ဈင်
ထိုတရားတို့တွင် အဘယ်သည် သဘောတရားတို့ကို စိစစ်မှု ဓမ္မ၀ိစယသမ္ဗောဇ္ဈင် မည်သနည်း။
ကိုယ်တွင်းသင်္ခါရတရားတို့၌ စိစစ်မှု ဓမ္မ၀ိစယသည် ရှိ၏။ ကိုယ်ပသင်္ခါရ တရား တို့၌ စိစစ်မှု ဓမ္မ၀ိစယသည်ရှိ၏။ (ထိုနှစ်မျိုးတို့တွင်)ကိုယ်တွင်းသင်္ခါရ တရားတို့၌ စိစစ်မှု ဓမ္မ၀ိစယသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။ ကိုယ်ပသင်္ခါရ တရားတို့၌ စိစစ်မှု ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကိုရရန်၊ နိဗ္ဗာန်ကို မျက် မှောက်ပြုရန် ဖြစ်၏။

(၃) ၀ီရိယသမ္ဗောဇ္ဈင်
ထိုတရားတို့တွင် အဘယ်သည် အားထုတ်မှု ၀ီရိယသမ္ဗောဇ္ဈင် မည်သနည်း။
ကိုယ်၌ ဖြစ်သော အားထုတ်မှု ၀ီရိယသည် ရှိ၏။ စိတ်၌ ဖြစ်သောအားထုတ်မှု ၀ီရိယသည် ရှိ၏။ (ထိုနှစ်မျိုးတို့တွင်) ကိုယ်၌ ဖြစ်သောအားထုတ်မှု ၀ီရိယ သမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။ စိတ်၌ဖြစ်သော အားထုတ်မှု ၀ီရိယသမ္ဗောဇ္ဈင် သည် လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။

(၄) ပီတိသမ္ဗောဇ္ဈင်
ထိုတရားတို့တွင် အဘယ်သည် နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင် မည်သနည်း။
ဝိတက်ဝိစာရနှင့် တကွဖြစ်သော နှစ်သက်မှု ပီတိသည် ရှိ၏၊ ၀ိတက်ဝိစာရနှင့် တကွ မဖြစ်သော နှစ်သက်မှု ပီတိသည်ရှိ၏၊ (ထိုနှစ်မျိုးတို့တွင်)၀ိတက်ဝိစာရနှင့် တကွဖြစ်သော နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။ ၀ိတက်ဝိစာရနှင့်တကွ မဖြစ်သော နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင်
ထိုတရားတို့တွင် အဘယ်သည် ငြိမ်းအေးမှု ပဿဒ္ဓိသမ္ဗောဇ္ဈင် မည်သနည်း။
ကိုယ်ငြိမ်းအေးမှု ပဿဒ္ဓိသည် ရှိ၏၊ စိတ်ငြိမ်းအေးမှု ပဿဒ္ဓိသည် ရှိ၏။ (ထိုနှစ်မျိုးတို့တွင်) ကိုယ်ငြိမ်းအေးမှု ပဿဒ္ဓိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်Óဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။ စိတ်ငြိမ်းအေးမှု ပဿဒ္ဓိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။

(၆) သမာဓိသမ္ဗောဇ္ဈင်
ထိုတရားတို့တွင် အဘယ်သည် တည်ကြည်မှု သမာဓိသမ္ဗောဇ္ဈင် မည်သနည်း။
ဝိတက်ဝိစာရနှင့်တကွ ဖြစ်သော တည်ကြည်မှု သမာဓိသည် ရှိ၏၊ ၀ိတက်ဝိစာရ နှင့်တကွ မဖြစ်သော တည်ကြည်မှု သမာဓိသည် ရှိ၏။ (ထိုနှစ်မျိုးတို့တွင်) ၀ိတက်ဝိစာရနှင့်တကွဖြစ်သော တည်ကြည်မှု သမာဓိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။ ၀ိတက်ဝိစာရနှင့်တကွ မဖြစ်သော တည်ကြည်မှု သမာဓိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကိုသိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။

(၇) ဥပေက္ခာသမ္ဗောဇ္ဈင်
ထိုတရားတို့တွင် အဘယ်သည် လျစ်လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင် မည်သနည်း။
ကိုယ်တွင်းသင်္ခါရတရားတို့၌ လျစ်လျူရှုမှု ဥပေက္ခာသည် ရှိ၏။ ကိုယ်ပသင်္ခါရ တရားတို့၌ လျစ်လျူရှုမှု ဥပေက္ခာသည် ရှိ၏။ (ထိုနှစ်မျိုးတို့တွင်) ကိုယ်တွင်း သင်္ခါရ တရားတို့၌ လျစ်လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကိုရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။ ကိုယ်ပသင်္ခါရ တရားတို့၌ လျစ်လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။

ဗောဇ္ဈင် ၇-ပါး အကျယ် (ဒုတိယနည်း)၊ ဗောဇ္ဈင်္ဂ၀ိဘင်္ဂ။