ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၈၅
လောက၌ ရောင့်ရဲလွယ်ကုန်သော ပုဂ္ဂိုလ်နှစ်ယောက်-
အကြင်ပုဂ္ဂိုလ်သည်ကား ရတိုင်းရတိုင်းကို မသိုမှီး၊ မသိမ်းဆည်း၊
အကြင်ပုဂ္ဂိုလ်သည်ကား ရတိုင်းရတိုင်းကို မစွန့်လွှတ်၊
ဤပုဂ္ဂိုလ်နှစ်ယောက်တို့သည် လောက၌ ရောင့်ရဲလွယ်ကုန်၏။
ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။