ဗောဇ္ဈင် ၇-ပါး အကျယ် (ပဌမနည်း)
(၁) သတိသမ္ဗောဇ္ဈင်
ထိုတွင် အဘယ်သည် အောက်မေ့မှု သတိသမ္ဗောဇ္ဈင် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် အောက်မေ့မှု သတိ ရှိ၏၊ ပညာနှင့် ယှဉ်သော မြတ်သော သတိနှင့်ပြည့်စုံ၏၊ ကြာမြင့်သောကာလက ပြုခဲ့သည်ကို လည်း ကောင်း၊ ကြာမြင့်သော ကာလကဆိုခဲ့သည်ကို လည်းကောင်း အောက်မေ့နိုင်၏။ အထပ်ထပ် အောက်မေ့နိုင်၏။
ဤသဘောကို အောက်မေ့မှု သတိသမ္ဗောဇ္ဈင် ဟု ဆိုအပ်၏။
(၂) ဓမ္မ၀ိစယသမ္ဗောဇ္ဈင်
ထိုသတိသမ္ဗောဇ္ဈင်ဖြင့် နေသော ရဟန်းသည် ထိုအောက်မေ့ အမှတ်ရသော တရားကို ၀ိပဿနာဉာဏ်ဖြင့် စိစစ်၏၊ သုံးသပ်၏၊ စူးစမ်းခြင်းသို့ ရောက်၏၊
ဤသဘောကို သဘောတရားတို့ကို စိစစ်မှု ဓမ္မ၀ိစယသမ္ဗောဇ္ဈင် ဟု ဆိုအပ်၏။
(၃) ၀ီရိယသမ္ဗောဇ္ဈင်
ထိုတရားကို ၀ိပဿနာဉာဏ်ဖြင့် စိစစ်သုံးသပ် စူးစမ်းခြင်းသို့ ရောက်သော ရဟန်းအား မတွန့်ဆုတ်သော အားထုတ်ခြင်း လုံ့လသည် ဖြစ်၏။
ဤသဘောကို အားထုတ်မှု ၀ီရိယသမ္ဗောဇ္ဈင်ဟု ဆိုအပ်၏။
(၄) ပီတိသမ္ဗောဇ္ဈင်
အားထုတ်ခြင်း လုံ့လရှိသော ရဟန်းအား တွယ်တာမှု အာမိသကင်းသော နှစ်သက်မှု ပီတိသည်ဖြစ်၏။
ဤသဘောကို နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင်ဟု ဆိုအပ်၏။
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင်
နှစ်သက်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည် လည်း ငြိမ်းအေး၏။
ဤသဘောကို ငြိမ်းအေးမှု ပဿဒ္ဓိသမ္ဗောဇ္ဈင်ဟု ဆိုအပ်၏။
(၆) သမာဓိသမ္ဗောဇ္ဈင်
ငြိမ်းအေးသော ကိုယ်ရှိသောကြောင့် ချမ်းသာသော ရဟန်း၏စိတ်သည် တည် ကြည်၏။
ဤသဘောကို တည်ကြည်မှု သမာဓိသမ္ဗောဇ္ဈင်ဟု ဆိုအပ်၏။
(၇) ဥပေက္ခာသမ္ဗောဇ္ဈင်
ထိုရဟန်းသည် ထိုအခြင်းအရာဖြင့် တည်ကြည်သောစိတ်ကို ကောင်းစွာ လျစ် လျူရှု၏။
ဤသဘောကို လျစ်လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင်ဟု ဆိုအပ်၏။
ဗောဇ္ဈင် ၇-ပါး အကျယ် (ပဌမနည်း)၊ ဗောဇ္ဈင်္ဂ၀ိဘင်္ဂ။