နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, August 11, 2008

အ၀တ်မ၀တ်သောအကျင့်ကို ပယ်ခြင်း-

အ၀တ်မ၀တ်သောအကျင့်ကို ပယ်ခြင်း-


စီဝရက္ခန္ဓက

တစ်ရံရောအခါ တစ်ပါးသော ရဟန်းသည် အ၀တ်မပါဘဲလျက် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အသျှင်ဘုရား မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ခေါင်းပါးခြင်း ကိလေသာကို ခါထုတ်ခြင်း ကြည်ညိုဖွယ်ကိုဆောင်ခြင်း ကိလေသာကို ဖျက်ဆီး ခြင်း လုံ့လကို အားထုတ်ခြင်း၏ ဂုဏ်ကို ချီးမွမ်းတော်မူလေ့ရှိ၏။

အသျှင်ဘုရား ဤအ၀တ်မ၀တ်ဘဲနေသောအကျင့်သည် များစွာသော အကြောင်း ဖြင့် အလိုနည်းခြင်းငှါ ရောင့်ရဲလွယ်ခြင်းငှါ ခေါင်းပါးခြင်းငှါ ကိလေသာကို ခါထုတ် ခြင်းငှါ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ ကိလေသာကို ဖျက်ဆီးခြင်းငှါ လုံ့လကို အားထုတ်ခြင်းငှါ ဖြစ်ပါ၏။

အသျှင်ဘုရား တောင်းပန်ပါ၏၊
မြတ်စွာဘုရားသည် ရဟန်းတို့အား အ၀တ်မ၀တ်သောအကျင့်ကို ခွင့်ပြုတော်မူပါ လော့ဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား (ဤအမှုသည် ရဟန်းတို့အား) မလျောက်ပတ် မလျော်ကန် မသင့်တင့်၊ ရဟန်းတို့၏ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် အဘယ့်ကြောင့် တိတ္ထိတို့ ဆောက်တည်အပ်သော အ၀တ်မ၀တ်သော အကျင့်ကို ဆောက်တည် ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ဤ(သင်ပြုမိသောအမှု)သည် မကြည် ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ကဲ့ရဲ့ တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ရဟန်းတို့ တိတ္ထိတို့ဆောက် တည်အပ်သော အ၀တ်မ၀တ်သော အကျင့်ကို မဆောက်တည်အပ်၊

အကြင်ရဟန်းသည် ဆောက်တည်ငြားအံ့၊
ထိုရဟန်းအား {{ထုလ္လစ္စဉ်းအာပတ် သင့်၏}} ဟု မိန့်တော်မူ၏။

မဟာဝဂ်ပါဠိတော်