နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, August 16, 2008

ဣနြေ္ဒတို့၌ လုံခြုံသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၇

ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်-

ထိုစကား၌ ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိခြင်း
{ဣန္ဒြိယေသု ဂုတ္တဒွါရတာ} ဟူ သည် အဘယ်နည်း။

ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မျက်စိဖြင့် အဆင်း {ရူပါရုံ} ကို မြင်လတ် သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် စက္ခုနြေ္ဒကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ်ကို မက်မောခြင်း {အဘိဇ္ဈာ}၊ နှလုံးမသာခြင်း {ဒေါမနဿ}ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုနြေ္ဒကို စောင့်ရှောက်၏၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် အသံ {သဒ္ဒါရုံ} ကို ကြားလတ်သော်။ပ။
နှာခေါင်းဖြင့်အနံ့ {ဂန္ဓာရုံ} ကို နံလတ်သော်။ပ။
လျှာဖြင့် အရသာ {ရသာရုံ} ကို လျက်လတ်သော်။ပ။
ကိုယ်ဖြင့်အတွေ့ အထိ ]ဖောဋ္ဌဗ္ဗာရုံ} ကို တွေ့ထိလတ်သော်။ပ။
စိတ်ဖြင့် သဘောတရား {ဓမ္မာရုံ} ကို သိလတ်သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူ လေ့ မရှိ၊ အကြင် အကြောင်းကြောင့် မနိနြေ္ဒကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ် ကို မက်မောခြင်း {အဘိဇ္ဈာ}၊ နှလုံးမသာခြင်း {ဒေါမနဿ} ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို မနိနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိနြေ္ဒကို စောင့်ရှောက်၏၊ မနိနြေ္ဒ၌ စောင့် စည်းခြင်းသို့ ရောက်၏၊ ဤခြောက်ပါးသော ဣနြေ္ဒတို့ကို အကြင် လုံခြုံခြင်း၊ လုံခြုံ စေခြင်း၊ စောင့်ရှောက်ခြင်း၊ စောင့်စည်းခြင်းသည် ရှိ၏၊ ဤသဘောစု ကိုဣနြေ္ဒ တို့၌ လုံခြုံသော တံခါးရှိခြင်း {ဣန္ဒြိယေသုဂုတ္တဒွါရတာ} ဟူ၍ ဆိုအပ်၏၊

ဤ ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိခြင်းနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို
ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။