နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, August 11, 2008

သင်္ကန်းဖြစ်ပေါ်လာပုံ-

သင်္ကန်းဖြစ်ပေါ်လာပုံ-

* ဖြတ်သောသင်္ကန်းကို ခွင့်ပြုတော်မူခြင်း *

မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူချိန်။
မြတ်စွာဘုရားသည် လေးထောင့်ကန်သင်းဖွဲ့သော...
အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော...
ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်မြေကို မြင်တော်မူ၍...

အသျှင်အာနန္ဒာကို အာနန္ဒာ သင်သည် လေးထောင့်ကန်သင်းဖွဲ့သော
အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော
ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်မြေကို မြင်ပါ၏လော။
မြင်ပါသည် အသျှင်ဘုရား။

အာနန္ဒာ သင်သည် ရဟန်းတို့အတွက်
ဤသို့ သဘောရှိသော သင်္ကန်းတို့ကို စီရင်ခြင်းငှါ စွမ်းနိုင်ပါမည်လော။
စွမ်းနိုင်ပါသည် အသျှင်ဘုရား။

ထို့နောက် မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် တစ်ဖန် ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် များစွာသော ရဟန်းတို့၏ သင်္ကန်းတို့ကို စီရင်ပြီး၍ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ဘုန်းတော်ကြီးသော အသျှင်ဘုရား တပည့်တော်စီမံပြီးသော သင်္ကန်းတို့ကို ကြည့်ရှုတော်မူပါဘုရား။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင်၊ ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေစွ၊ ရဟန်းတို့ အာနန္ဒာ သည် ကြီးသောပညာရှိပေစွ၊ အာနန္ဒာသည် ငါဘုရား အကျဉ်းအားဖြင့် ဟောအပ် သော ပါဠိတော်၏ အနက်ကို အကျယ်အားဖြင့်သိ၏၊ အနားပတ် တလုပ်မြောင်း ရှည်ကိုလည်း ပြု၏၊ တလုပ်မြောင်းငယ်ကိုလည်း ပြု၏၊ အိမ်ဝန်းကြီးကိုလည်း ပြု၏၊ အိမ်ခွဲကိုလည်း ပြု၏၊ အလယ်ခေါင်ကိုလည်း ပြု၏၊ ခေါင်ရံကိုလည်း ပြုဘိ၏၊ လည်ထိရာ၌ ခံသော အနားပတ်ကိုလည်း ပြုဘိ၏၊ မြင်းခေါင်းထိရာ၌ ခံသော အနားပတ်ကိုလည်း ပြု၏၊ လက်လိပ်ကိုလည်းပြု၏၊ ဖြတ်လည်း ဖြတ်၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ ရဟန်းတို့အား လျောက်ပတ်၏၊ ရန်သူတို့သည် လည်း အလိုမရှိအပ်။

ရဟန်းတို့ ဖြတ်သောဒုကုဋ်၊ ဖြတ်သော ကိုယ်ဝတ်၊ ဖြတ်သော သင်းပိုင်ကို ခွင့်ပြု၏ ဟု မိန့်တော်မူ၏။

၂၁၆၊ စီဝရက္ခန္ဓ၊ မဟာဝဂ်ပါဠိတော်။