နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, August 16, 2008

ရနိုင်ခဲသော ပုဂ္ဂိုလ်နှစ်ယောက်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၈၃

လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်နှစ်ယောက်-

အကြင်ပုဂ္ဂိုလ်သည်ကား ရှေးဦးစွာ ကျေးဇူးပြုတတ်၏၊
အကြင်ပုဂ္ဂိုလ်သည် ပြုဖူးသော သူ့ကျေးဇူးကို သိ၍ ပြုဖူးသော ကျေးဇူးကို
ထင်စွာ ပြလေ့ရှိ၏၊
ဤပုဂ္ဂိုလ်နှစ်ယောက်တို့သည် လောက၌ ရခဲကုန်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။