ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၉၀
ရောင့်ရဲတတ်သော ပုဂ္ဂိုလ်-
အသျှင်ပစ္စေကဗုဒ္ဓါတို့သည် လည်းကောင်း၊ မြတ်စွာဘုရားရှင်၏ တပည့်သာဝက ဖြစ်သော အကြင် ရဟန္တာ အသျှင်မြတ်တို့သည် လည်းကောင်း ရောင့်ရဲတတ်သော {တိတ္တ} ပုဂ္ဂိုလ်တို့ မည်ကုန်၏၊ သဗ္ဗညုမြတ်စွာဘုရားသည်ကား (လောကုတ္တရာ တရားတို့ဖြင့်) ကိုယ်တိုင်လည်း ရောင့်ရဲတတ်သော ပုဂ္ဂိုလ်မည်၏၊ တပည့်သာဝက တို့ကိုလည်း ရောင့်ရဲစေတတ်သောပုဂ္ဂိုလ် မည်၏။
ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။