ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၈၉
မြတ်သော နှလုံးသွင်းရှိသော ပုဂ္ဂိုလ်-
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ထို ပုဂ္ဂိုလ်သည် သီလရှိသော ကောင်းသော အကျင့်ရှိသော တစ်ပါးသော ပုဂ္ဂိုလ်ကို မှီဝဲ၏၊ ဆည်းကပ်၏၊ အဖန်ဖန် ချဉ်းကပ်၏၊ ဤပုဂ္ဂိုလ်ကို မြတ်သော နှလုံးသွင်းရှိ သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။
ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။