နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 4, 2009

ဘောဂသုတ်- စည်းစိမ်ဥစ္စာတို့၏ အပြစ်နှင့်အကျိုး...

ဘောဂသုတ်- (စည်းစိမ်ဥစ္စာ၊ သုံးဆောင်ခြင်း၊ အသုံးအဆောင်)

ရဟန်းတို့ ...
စည်းစိမ်ဥစ္စာတို့၌ အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

၁... စည်းစိမ်ဥစ္စာတို့သည် မီးနှင့် ဆက်ဆံကုန်၏။
၂... စည်းစိမ်ဥစ္စာတို့သည် ရေနှင့် ဆက်ဆံကုန်၏။
၃... စည်းစိမ်ဥစ္စာတို့သည် မင်းနှင့် ဆက်ဆံကုန်၏။
၎... စည်းစိမ်ဥစ္စာတို့သည် ခိုးသူနှင့် ဆက်ဆံကုန်၏။
၅.. စည်းစိမ်ဥစ္စာတို့သည် မချစ်မနှစ်သက်အပ်သော အမွေခံဆိုးတို့နှင့် ဆက်ဆံကုန်၏။

ရဟန်းတို့ စည်းစိမ် ဥစ္စာတို့၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။


ရဟန်းတို့ စည်းစိမ် ဥစ္စာတို့၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
စည်းစိမ် ဥစ္စာတို့ကို အမှီပြု၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာ ကို ကောင်းစွာဆောင်၏။

၂...
အမိ အဖတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်၏။

၃...
သားသမီး မယား ကျွန်အလုပ်သမားတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာ ကို ကောင်းစွာဆောင်၏။

၎...
မိတ်ဆွေ ခင်ပွန်းတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်၏။

၅...
အထက်ဘုံ၌ ဖြစ်စေတတ်သော၊ ကောင်းမြတ်သော အာရုံကို ပေးတတ်သော၊ ချမ်းသာကျိုး ရှိသော၊ နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏ တို့၌ ဖြစ်စေ၏။

ရဟန်းတို့ ...
စည်းစိမ် ဥစ္စာတို့၌ အကျိုးတို့သည် ဤငါးမျိုး တို့တည်း ဟု (မိန့်တော်မူ၏)။

၇ - ဘောဂသုတ်၊ ဒီဃစာရိက၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။