ယဇမာနသုတ်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး)
နေတော်မူ၏၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာ ဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထားလေ၏-
''အသျှင်ဘုရား ပူဇော်ကုန်သော လူတို့၏ လည်းကောင်း၊ ကောင်းမှုကို အလိုရှိ သည် ဖြစ်၍ ပြုလုပ်ကုန်သော သတ္တဝါတို့၏ လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် အဘယ် ပုဂ္ဂိုလ်၌ လှူသည်ရှိသော် အကျိုးကြီးပါသနည်း''
ဟု လျှောက်၏။
''ကျင့်ဆဲဖြစ်ကုန်သော (မဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ် လေးယောက်တို့သည် လည်းကောင်း၊
ဖိုလ်၌ တည်ကုန်သော (ဖလဋ္ဌာန်) ပုဂ္ဂိုလ် လေးယောက်တို့သည် လည်းကောင်း
ဤရှစ်ယောက်သော (အရိယာ) သံဃာသည် ဖြောင့်မတ်စွာ ဖြစ်၏၊
ပညာ, သီလ, သမာဓိနှင့် ပြည့်စုံ၏။
ပူဇော်ကုန်သော လူတို့၏ လည်းကောင်း၊ ကောင်းမှုကို အလိုရှိသည် ဖြစ်၍ ပြုလုပ် ကုန်သော သတ္တဝါတို့၏ လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် (အရိ ယာ) သံဃာ၌ လှူသည်ရှိသော် အကျိုးကြီး၏ ဟု (မိန့်တော်မူ၏)။
၆ - ယဇမာနသုတ် ဒုတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
သာဓု... သာဓု... သာဓု...။