နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 11, 2009

ပဌမဒါနသုတ်... အလှူရှစ်မျိုး...

ပဌမဒါနသုတ် -

ရဟန်းတို့ အလှူတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁။ မိမိအထံသို့ ရောက်လာသောကြောင့် အလှူကို ပေးလှူ၏၊
၂။ ကြောက်သောကြောင့် အလှူကို ပေးလှူ၏၊
၃။ ငါ့အား ပေးဖူး၏ ဟု အလှူကို ပေးလှူ၏၊
၎။ ငါ့အား ပေးပေလိမ့်မည် ဟု အလှူကို ပေးလှူ၏၊
၅။ ပေးလှူမှုသည် ကောင်း၏ ဟု အလှူကို ပေးလှူ၏၊
၆။ ငါသည် ချက်ပြုတ်၏၊ ဤသူတို့ကား မချက်ပြုတ်ကုန်၊ ချက်ပြုတ်သော ငါသည် မချက်ပြုတ်သော သူတို့အား အလှူမပေးဘဲ နေရန်မသင့် ဟု အလှူကို ပေးလှူ၏၊
၇။ ဤအလှူဒါနကို ပေးလှူသော ငါ့အား ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်လိမ့်မည် ဟု အလှူကို ပေးလှူ၏၊
၈။ သမထ ဝိပဿနာစိတ်၏ အဆင်တန်ဆာ အခြံအရံ အလို့ငှါ အလှူကို ပေးလှူ၏။ ရဟန်းတို့ အလှူတို့သည် ဤရှစ်မျိုးတို့တည်း ဟု မိန့်တော်မူ၏။

၁ - ပဌမဒါနသုတ်၊ ဒါန၀ဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။