နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 18, 2009

ဓာတ်တော်စေတီကို ပူဇော်ခြင်း...


ဓာတ်တော်စေတီကို ပူဇော်ခြင်း...

၁...
ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ရာဇဂြိုဟ်ပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထားပူဇော်၏။

၂...
ဝေသာလီပြည်သား လိစ္ဆဝီမင်းတို့သည် ဝေသာလီပြည်၌ မြတ်စွာဘုရား၏ သရီရ ဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကြကုန်၏။

၃...
ကပိလဝတ်ပြည်၌ နေကုန်သော သာကီဝင်မင်းတို့သည်လည်း ကပိလဝတ်ပြည်၌
မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကုန်၏။

၎...
အလ္လကပ္ပပြည်သား ဗုလိမင်းတို့သည်လည်း အလ္လကပ္ပပြည်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုး တည်ထား ပူဇော်ကြကုန်၏။

၅...
ရာမ ရွာသား ကောဠိယမင်းတို့သည်လည်း ရာမရွာ၌ မြတ်စွာဘုရား၏ သရီရ
ဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကြကုန်၏။

၆...
ဝေဋ္ဌဒီပတိုင်းသား ပုဏ္ဏားသည်လည်း ဝေဋ္ဌဒီပတိုင်း၌ မြတ်စွာဘုရား၏ သရီရ ဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်၏။

၇...
ပါဝါပြည်သား မလ္လမင်းတို့သည်လည်း ပါဝါပြည်၌ မြတ်စွာဘုရား၏ သရီရ ဓာတ် တော်တို့ကို စေတီပုထိုး တည်ထား ပူဇော်ကြကုန်၏။

၈...
ကုသိနာရုံပြည်သား မလ္လမင်းတို့သည်လည်း ကုသိနာရုံပြည်၌ မြတ်စွာဘုရား၏
သရီရဓာတ်တော်တို့ကို စေတီပုထိုးတည်ထား ပူဇော်ကြကုန်၏။

၉...
ဒေါဏပုဏ္ဏား သည်လည်း ပြည်တောင်းကို စေတီပုထိုးတည်ထားပူဇော်၏။

၁၀...
ပိပ္ပလိဝန တိုင်းသား မောရိယမင်းတို့သည်လည်း မီးသင်္ဂြိုဟ်ရာမှ ယူဆောင်ခဲ့သော မီးသွေးတို့ကို ပိပ္ပလိတိုင်း၌ စေတီပုထိုး တည်ထား ပူဇော်ကြကုန်၏။

ဤသို့လျှင် သရီရဓာတ် စေတီပုထိုးရှစ်ဆူနှင့် ကိုးခုမြောက် ပြည်တောင်းစေတီ ပုထိုးတစ်ဆူ ဆယ်ခုမြောက် မီးသွေးစေတီပုထိုးတစ်ဆူအားဖြင့် ဤ စေတီပုထိုး တော် ဆယ်ဆူသည် ဖြစ်ပေါ်ခဲ့လေသတည်း။ ၂၃၉

ဓာတ်တော်စေတီကို ပူဇော်ခြင်း၊ မဟာပရိနိဗ္ဗာနသုတ်၊ မဟာဝဂ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။