နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, March 6, 2009

ပဌမ သမာဓိသုတ် - ပုဂ္ဂိုလ်လေးမျိုး

ပဌမ သမာဓိသုတ်

ရဟန်းတို့ ...
လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊

အဘယ် လေးမျိုး တို့နည်းဟူမူ...

ရဟန်းတို့ ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုကား မရ။

ရဟန်းတို့ ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကို ရ၏၊ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုကား မရ။

ရဟန်းတို့ ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို လည်း မရ၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ဝိပဿနာ ပညာ ကိုလည်း မရ။

ရဟန်းတို့ ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို လည်း ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရ၏။

ရဟန်းတို့ ...
လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ ဟု (မိန့်တော်မူ၏)။

၂ - ပဌမ သမာဓိသုတ်၊ အသုရ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။