နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, March 14, 2009

ဘုရားကို စွပ်စွဲသောသူ နှစ်ဦး...

ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် ...
မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏။

အဘယ် နှစ်မျိုးတို့နည်း ဟူမူ-
အတွင်း၌ ဒေါသကိန်း၍ ဒေါသသည် ဖျက်ဆီးအပ်သောသူ။
မကောင်းသော ယူခြင်းဖြင့်ဟူသော သဒ္ဓါလွန်ကဲသူ တို့တည်း။

ရဟန်းတို့ ဤသူနှစ်မျိုးတို့သည်...
မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏ဟု (မိန့်တော်မူ၏)။၂၃

ဗာလ၀ဂ် - မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။