နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, March 13, 2009

ပရိဟာနိသုတ်- (ယုတ်လျော့ခြင်း)

ပရိဟာနိသုတ်- (ယုတ်လျော့ခြင်း)

အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့''ဟု ခေါ်၏။

ထိုရဟန်းတို့သည် ''ငါ့သျှင်'' ဟူ၍
အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ကြကုန်၏။

အသျှင် သာရိပုတြာသည် ဤစကားကို မိန့်ဆို၏...

ငါ့သျှင်တို့ မည်သည့်ရဟန်းယောက်ျား ရဟန်းမိန်းမမဆို တရားလေးမျိုးတို့ကို မိမိ၌ ကောင်းစွာ တွေ့မြင်ခဲ့လျှင် ငါသည် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်၏ဟု ဆုံးဖြတ် ရမည်၊ ဤအကြောင်းလေးမျိုးကို ဆုတ်ယုတ်ကြောင်း ဟူ၍ မြတ်စွာဘုရား ဟော တော်မူ၏။

အဘယ်လေးမျိုးတို့နည်းဟူမူ...

၁။ ရာဂများပြားခြင်း၊
၂။ ဒေါသများပြားခြင်း၊
၃။ မောဟများပြားခြင်း၊
၎။ နက်နဲကုန်သော အကြောင်းဟုတ်သည် မဟုတ်သည်တို့၌ ထိုပုဂ္ဂိုလ်၏ ပညာ မျက်စိသည် မသက်ဝင်နိုင်ခြင်းတို့တည်း။

ငါ့သျှင်တို့ မည်သည့်ရဟန်းယောက်ျား ရဟန်းမိန်းမမဆို ဤတရားလေးမျိုးတို့ကို မိမိ၌ ကောင်းစွာ တွေ့မြင်ခဲ့လျှင် ငါသည် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်၏ ဟု ဆုံးဖြတ်ရမည်၊ ဤအကြောင်း လေးမျိုးတို့ကို ဆုတ်ယုတ်ကြောင်း ဟူ၍ မြတ်စွာ ဘုရား ဟောတော်မူ၏။

ငါ့သျှင်တို့ မည်သည့် ရဟန်းယောက်ျား ရဟန်းမိန်းမ မဆိုတရားလေးမျိုးတို့ကို မိမိ၌ ကောင်းစွာ တွေ့မြင်ခဲ့လျှင် ငါသည် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ဟု ဆုံး ဖြတ်ရမည်၊ ဤအကြောင်းလေးမျိုးကို မဆုတ်ယုတ်ကြောင်း ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။

အဘယ်လေးမျိုးတို့နည်းဟူမူ...

၁။ ရာဂနည်းပါးခြင်း၊
၂။ ဒေါသနည်းပါးခြင်း၊
၃။ မောဟနည်းပါးခြင်း၊
၎။ နက်နဲကုန်သော အကြောင်းဟုတ်သည် မဟုတ်သည် တို့၌ ထို ပုဂ္ဂိုလ်၏ ပညာ မျက်စိသည် သက်ဝင်နိုင်ခြင်းတို့တည်း။

ငါ့သျှင်တို့ ...
မည်သည့် ရဟန်းယောက်ျား ရဟန်းမိန်းမမဆို ဤတရားလေးမျိုးတို့ကို မိမိ၌ ကောင်းစွာ တွေ့မြင်ခဲ့လျှင် ငါသည် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ပေဟု ဆုံး ဖြတ်ရမည်၊ ဤအကြောင်းလေးမျိုးတို့ကို မဆုတ်ယုတ်ကြောင်းဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏ ဟု (မိန့်ဆို၏)။

၈ - ပရိဟာနိသုတ်၊ ဣန္ဒြိယ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။