ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း-
၁...
အချို့သော ပုဂ္ဂိုလ်သည် အာပတ်လည်း သင့်၏၊ နှလုံးမသာယာခြင်းလည်း ဖြစ်၏၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန် သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန် ၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာမသိ၊ ထို ပုဂ္ဂိုလ်သည် ရှိ၏။
၂...
အချို့သောပုဂ္ဂိုလ်သည် အာပတ်သင့်၏၊ နှလုံးမသာယာခြင်းကား မဖြစ်၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ကုန် သော ထို အကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ် မြောက်သော ထိုအရဟတ္တဖိုလ် ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ၊ ထိုပုဂ္ဂိုလ် သည် ရှိ၏။
၃...
အချို့သော ပုဂ္ဂိုလ်သည် အာပတ်ကား မသင့်၊ နှလုံးမသာယာခြင်း သဘော ကား ဖြစ်၏၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာ ကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ် တရားတို့သည် အကြွင်းမဲ့ ချုပ် ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကို ဟုတ်တိုင်းမှန်စွာ မသိ၊ ထိုပုဂ္ဂိုလ် သည် ရှိ၏။
၎...
အချို့သောပုဂ္ဂိုလ်သည် အာပတ်လည်း မသင့်၊ နှလုံးမသာယာခြင်းလည်း မဖြစ်၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာ ကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ် တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေ သာမှ လွတ်မြောက်သော ထို အရဟတ္တဖိုလ်ကိုလည်း မသိ၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။
၅...
အချို့သောပုဂ္ဂိုလ်သည် အာပတ်လည်း မသင့်၊ နှလုံးမသာယာခြင်းလည်း မဖြစ်၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ် တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန် စွာ သိ၏၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။
၅ - ပဉ္စကဥဒ္ဒေသ-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။
သာဓု... သာဓု... သာဓု...။