နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, March 8, 2009

ကလျာဏီသုတ်- (ကောင်းခြင်းငါးရပ် ပြည့်စုံသည်)




ကလျာဏီသုတ်- (ကောင်းခြင်းငါးရပ် ပြည့်စုံသည်)

သာဝတ္ထိနိဒါန်း...
ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊

ရဟန်းတို့ ...
ဇနပုဒ်၌ ကောင်းခြင်းငါးရပ် ပြည့်စုံလတ်သည့် မိန်မမြတ် တစ်ယောက်သည် ထို ရဟန်းတစ်ပါး၏ စိတ်ကို သိမ်းကျုံး ဆွဲငင်၍ မတည်နိုင်သော်လည်း လာဘ်ပူဇော် သကာ အကျော်အစောသည် ယင်းရဟန်း၏စိတ်ကို သိမ်းကျုံးဆွဲငင်၍ တည်နိုင်၏၊

ရဟန်းတို့ ...
ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏။

ရဟန်းတို့...
ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်-
''ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောကို စွန့်ကုန်အံ့၊ ဖြစ်ပေါ် လာသော လာဘ်ပူဇော်သကာ အကျော်အစောသည်လည်း ငါတို့၏ ကုသိုလ်စိတ် ကို သိမ်းကျုံးယူငင်၍ မတည်နိုင်လတ္တံ့'' ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ ၁၇၁

၂ - ကလျာဏီသုတ်၊ တတိဝဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။