စူဠသေဋ္ဌိပေတဝတ္ထု ...
ပစ္စည်းကြွယ်ဝလျက် ဒါနကို မပြုမိ ဝန်တိုခြင်း စိတ်ရှိလျက် စုတိသောအခါ ပြိတ္တာ ဖြစ်ကာ အဇာတသတ်မင်းနှင့် တွေ့ရာတွင် အကြောင်းရင်းကို ဖြေရှင်း၍ သမီးရင်း က ကုသိုလ်ပြုသော်လည်း အလှူခံ မစင်ကြယ်၍ အကျိုးမရ အဇာတသတ်မင်း ကိုယ်တိုင် သံဃာအား ပေးလှူ၍ အမျှအတန်းဝေမှ ချမ်းသာခွင့်ရသော ပြိတ္တာ...။
အရှင် (အရှင်သည်) အဝတ်မဆီး အချည်းနှီးဖြစ်လျက် ကြုံလှီသော ရဟန်း ဖြစ်ပေ ၏၊ အဘယ်ကြောင့် ညဥ့်အခါ၌ အဘယ်အရပ်သို့ သွားမည်နည်း၊ အရှင်သည် အကျွန်ုပ်အား (လာခြင်း၏ အကြောင်းကို) အကယ်၍ ပြောစွမ်းနိုင်မူ ပြောကြားပါ လော့၊ အရှင်ဘုရားကို အလုံးစုံသော စည်းစိမ်ဖြင့် ပြီးစေနိုင်ငြားအံ့လည်း မသိဟု (အဇာတသတ်က မေး၏)။၂၄၆
အဝေးတိုင်အောင် ကျော်ကြားသော ဗာရာဏသီမြို့သည် ရှိပါ၏၊ အကျွန်ုပ်သည် ထိုမြို့၌ ပစ္စည်းဥစ္စာ ကြွယ်ဝသော မပေးလှူလိုသော သူကြွယ် ဖြစ်ခဲ့ပါ၏၊ အာမိသ ၌ ကပ်ငြိသော စိတ်ရှိ၍ မပေးလှူတတ်၊ မကောင်းသော အကျင့်ကြောင့် ယမမင်း နိုင်ငံ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။၂၄၇
ထိုအကြောင်းတို့ကြောင့် ထိုအကျွန်ုပ်သည် ထိုးဆွတတ်သော အပ်နှင့် တူသော ကြောင့် သူစိကာဟု ရအပ်သော အမည်ရှိသော မွတ်သိပ်ခြင်းဖြင့် ပင်ပန်းရပါ၏၊ ထို့ကြောင့်ပင်လျှင် ဆွေမျိုးတို့ထံ အနည်းငယ်သော အာမိသဟူသော အကြောင်း ကြောင့် သွားပါ၏၊ ပေးလှူလေ့ မရှိသူတို့သည် တမလွန် လောက၌ အလှူ၏ အကျိုးသည် ဖြစ်၏ဟု မယုံကြည်ကြပါကုန်။၂၄၈
အကျွန်ုပ်၏ သမီးသည်လည်း အမိ အဖတို့အတွက် လည်းကောင်း, အဘိုး အဘွား တို့အတွက် လည်းကောင်း အလှူကို ပေးလှူအံ့ဟု မပြတ်ပြောကြားပါ၏၊ စီရင်အပ် သော ထိုအလှူကို ပုဏ္ဏားတို့အား ကျွေးမွေးပါကုန်၏၊ အကျွန်ုပ်သည် စားသောက် ရန် အန္ဓကဝိန္ဒမြို့သို့ သွားပါအံ့ဟု (ပြိတ္တာက ဖြေ၏)။၂၄၉
ထိုသမီးလှူသော အလှူကိုလည်း ခံစားပြီး၍ လျင်စွာ လာခဲ့ပါဦး၊ ငါသည်လည်း ပူဇော်ခြင်းကို ပြုလုပ်အံ့ အကယ်၍ အကြောင်းရှိခဲ့ပါမူ ထိုအကြောင်းကို ငါ့အား ပြောကြားပါလော့၊ ယုံကြည်ထိုက်သော အကြောင်းစကားကို နားထောင်လိုပါကုန် ၏ဟု အဇာတသတ်မင်းသည် ထိုပြိတ္တာကို ပြောဆို၏။၂၅၀
ပြိတ္တာသည် ကောင်းပြီဟုဆို၍ သွားပြီးလျှင် ထိုအန္ဓကဝိန္ဒမြို့ဝယ် ထမင်းကို ဒုဿီ လ ပုဏ္ဏားတို့သည် စားကုန်၍ မြတ်သော အလှူကို ခံထိုက်သော သီလရှိသော ပုဂ္ဂိုလ်တို့ မစားကုန်ရကား တစ်ဖန် ရာဇဂြိုဟ်မြို့သို့ ပြန်လာ၍ လူတို့ကို အစိုးရ သော (အဇာတသတ်) မင်း၏ရှေ့၌ ထင်ရှားဖြစ်၏။၂၅၁
အဇာတသတ်မင်းသည် တစ်ဖန် ပြန်လာသော ပြိတ္တာကို မြင်၍ ငါသည်လည်း အ ဘယ်ကို ပေးလှူရအံ့နည်း၊ သင်သည် ကြာမြင့်စွာ နှစ်သက်မှု ဖြစ်ရာသော အ ကြောင်း အကယ်၍ ရှိခဲ့ပါမူ ထိုအကြောင်းကို ငါ့အား ပြောကြားပါလော့ဟု ပြော ဆို၏။၂၅၂
အဇာတသတ်မင်း ထမင်း, အဖျော်, သင်္ကန်းဖြင့် မြတ်စွာဘုရားကို လည်းကောင်း, သံဃာတော်ကို လည်းကောင်း လုပ်ကျွေးပါလော့၊ ထိုအလှူ၏ အဖို့ကို အကျွန်ုပ်၏ အကျိုးစီးပွား အလို့ငှါ ရည်ညွှန်းပေးဝေပါလော့၊ ဤသို့ ရည်ညွှန်းပေးဝေသည်ရှိ သော် အကျွန်ုပ်သည် ကြာမြင့်စွာ နှစ်သက်မှု ဖြစ်ရာပါ၏ဟု လျှောက်ထား၏။၂၅၃
ထိုစကားကြောင့် အဇာတသတ်မင်းသည် ထွက်၍ ထိုခဏ၌ပင် အတုမရှိသော အလှူကို ကိုယ်တိုင် သံဃာအား ပေးလှူ၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ပြီးလျှင် ပြိတ္တာအားလည်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။၂၅၄
အလှူကို ရည်ညွှန်း ပေးဝေသည်ရှိသော် ထိုပြိတ္တာသည် အလွန်တင့်တယ်လျက် လူတို့ကို အစိုးရသော မင်း၏ ရှေ့၌ ထင်ရှားဖြစ်၏၊ အကျွန်ုပ်သည် လွန်စွာ ပြည့်စုံ ခြင်းသို့ ရောက်သော နတ်ဖြစ်ရပါ၏၊ အကျွန်ုပ်နှင့် တူမျှသော လူတို့သည် မရှိကုန်။
သင် မင်းမြတ်သည် သံဃာတော်အား အတုမရှိသော အလှူကို လှူ၍ အကျွန်ုပ် အား ရည်ညွှန်းပေးဝေပါ၏၊ မနှိုင်းယှဉ်အပ်သော အကျွန်ုပ်၏ အာနုဘော်ကို ရှုပါ လော့၊ အမြဲမပြတ် အခါခပ်သိမ်း များစွာသော ထမင်းအဖျော်စသည်တို့ဖြင့် တင်း တိမ် ရောင့်ရဲရပါ၏၊ လူမင်း အကျွန်ုပ်သည် ချမ်းသာသည် ဖြစ်၍ သွားပါတော့အံ့ (ဟု အဇာတသတ်မင်းအား ပြန်ကြား၏)။၂၅၆
၈ - စူဠသေဋ္ဌိပေတဝတ္ထု ၊ ဥဗ္ဗရိဝဂ်၊ ပေတ၀တ္တုပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
သာဓု... သာဓု... သာဓု...။