နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 18, 2009

ဥပ္ပါဒသုတ် - (ဖြစ်ခြင်း၊ ဖြစ်ပေါ်ခြင်း)

ဥပ္ပါဒသုတ် - (ဖြစ်ခြင်း၊ ဖြစ်ပေါ်ခြင်း)

သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။

ရဟန်းတို့ ...
ပထဝီဓာတ်၏ ဖြစ်ခြင်းသည် တည်ခြင်းသည် အထူးသဖြင့် ဖြစ်ခြင်းသည် ထင်ရှား ဖြစ်ခြင်းသည် ဆင်းရဲဖြစ်ခြင်းသာတည်း၊ ရောဂါတို့၏ တည်ရာဖြစ်ခြင်းသာတည်း၊ အိုမှုသေမှု၏ ထင်ရှားဖြစ်ပေါ်ခြင်းသာတည်း။

အာပေါဓာတ်၏ ဖြစ်ခြင်းသည် တည်ခြင်းသည် အထူးသဖြင့် ဖြစ်ခြင်းသည် ထင်ရှား ဖြစ်ခြင်းသည် ဆင်းရဲဖြစ်ခြင်းသာတည်း၊ ရောဂါတို့၏ တည်ရာဖြစ်ခြင်းသာတည်း၊ အိုမှုသေမှု၏ ထင်ရှားဖြစ်ပေါ်ခြင်းသာတည်း။

တေဇောဓာတ်၏ ဖြစ်ခြင်းသည် တည်ခြင်းသည် အထူးသဖြင့် ဖြစ်ခြင်းသည် ထင် ရှား ဖြစ်ခြင်းသည် ဆင်းရဲဖြစ်ခြင်းသာတည်း၊ ရောဂါတို့၏ တည်ရာဖြစ်ခြင်းသာ တည်း၊ အိုမှုသေမှု၏ ထင်ရှားဖြစ်ပေါ်ခြင်းသာတည်း။

ဝါယောဓာတ်၏ ဖြစ်ခြင်းသည် တည်ခြင်းသည် အထူးသဖြင့် ဖြစ်ခြင်းသည် ထင် ရှား ဖြစ်ခြင်းသည် ဆင်းရဲဖြစ်ခြင်းသာတည်း၊ ရောဂါတို့၏ တည်ရာဖြစ်ခြင်းသာ တည်း၊ အိုမှုသေမှု၏ ထင်ရှားဖြစ်ပေါ်ခြင်းသာတည်း။



ရဟန်းတို့ ...
ပထဝီဓာတ်၏ ချုပ်ခြင်းသည် ငြိမ်းခြင်းသည် ကွယ်ပျောက်ခြင်းသည် ဆင်းရဲချုပ် ခြင်းသာတည်း၊ ရောဂါတို့၏ ငြိမ်းခြင်းသာတည်း၊ အိုမှုသေမှု၏ ကွယ်ပျောက်ခြင်း သို့ ရောက်ခြင်းသာတည်း။

အာပေါဓာတ်၏ ချုပ်ခြင်းသည်။ ပ ။

တေဇောဓာတ်၏ ချုပ်ခြင်းသည်။ ပ ။

ဝါယောဓာတ်၏ ချုပ်ခြင်းသည် ငြိမ်းခြင်းသည် ကွယ်ပျောက်ခြင်းသည် ဆင်းရဲချုပ် ခြင်းသာတည်း၊ ရောဂါတို့၏ ငြိမ်းခြင်းသာတည်း၊ အိုမှုသေမှု၏ ကွယ်ပျောက်ခြင်း တည်း ဟု (ဟောတော်မူ၏)။

၇ - ဥပ္ပါဒသုတ်၊ စတုတ္ထ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။