နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, March 14, 2009

လူမိုက်နှစ်မျိုး...

ရဟန်းတို့ လူမိုက်တို့သည် ဤနှစ်မျိုး တို့တည်း...။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ-
၁။ မိမိ၏အပြစ်ကို အပြစ်ဟု မရှုသောသူ၊
၂။ တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံသော သူ၊

ရဟန်းတို့ လူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ-
မိမိအပြစ်ကို အပြစ်ဟု ရှုသောသူ၊
တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်ခံသောသူတို့တည်း။

ရဟန်းတို့ ပညာရှိတို့သည်ဤနှစ်မျိုး တို့ပေတည်း ဟု (မိန့်တော်မူ၏)။ ၂၂

ဗာလ၀ဂ် - မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။