နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, August 8, 2008

ပိဋ္ဌဓီတလိကပေတ၀တ္ထု-

ပိဋ္ဌဓီတလိကပေတ၀တ္ထု-

သေဆုံးသူအတွက် ကျန်ရစ်သူများ ဘာလုပ်ကြမည်။

သေပြီးသူကို ဖြစ်စေ၊
အိမ်စောင့်နတ်စသည်ကို အကြောင်းပြု၍ ဖြစ်စေ၊
နတ်မင်းကြီးလေးပါးကို အကြောင်းပြု၍ ဖြစ်စေ၊
လှူဒါန်းခဲ့လျှင်...
သေသူကို ပူဇော်သည်မည်ကြောင်း ကောင်းကျိုးခံစားရကြောင်း တရားတော်။

နှမြောဝန်တိုမှု မရှိသူသည် မင်္ဂလာစသည်တို့ကို အကြောင်းပြု၍ ဖြစ်စေ၊
သေပြီးသူတို့ကို အကြောင်းပြု၍ ဖြစ်စေ၊
ထိုမှတစ်ပါး အိမ်စောင့်နတ်စသည်တို့ကို အကြောင်းပြု၍ ဖြစ်စေ၊
ကုဝေရနတ် ဓတရဋ္ဌနတ် ၀ိရူပက္ခနတ် ၀ိရူဠကနတ်ဟူသော
လောကကို စောင့်ရှောက်ကုန်သော နတ်မင်းကြီးလေးယောက်တို့ကို
အကြောင်းပြု၍ဖြစ်စေ အလှူဒါနကိုပေးလှူရာ၏။

ဤသို့ ပေးလှူသည်ရှိသော် နတ်မင်းကြီး လေးယောက် အိမ်စောင့်နတ်စသည်နှင့်
သေလွန်ပြီးသူတို့ကိုလည်း ပူဇော်အပ်သည် မည်ကုန်၏၊
ပေးလှူသူ ဒါယကာတို့သည်လည်း အကျိုးကြီးကုန်၏။

ငိုကြွေးခြင်းသည် လည်းကောင်း၊
စိုးရိမ်ပူဆွေးခြင်းသည် လည်းကောင်း၊
ထိုမှတစ်ပါးသော အကြင် ပြောဆိုမြည်တမ်းခြင်းသည် လည်းကောင်း၊
ပြိတ္တာတို့၏ အကျိုးငှါ မဟုတ်ပေ၊
(သို့သော်- မသိနားမလည်သော )ဆွေမျိုးတို့သည်ကား ငိုကြွေးနေကြကုန်၏။


တမလွန်ဘ၀သို့ ပြောင်းသွားသူကို ရည်စူးလျက် ပေးလှူအပ်သော အလှူသည်
သံဃာ၌ ကောင်းစွာ တည်သည်ဖြစ်၍ ကာလရှည်မြင့်စွာ စီးပွားချမ်းသာဖြစ်ခြင်း
အကျိုးငှါ၊ ထိုပြိတ္တာထံသို့ တစ်ခဏချင်း ကပ်ရောက်အကျိုးရ၏ဟု
(မြတ်စွာဘုရား ဟောတော်မူ၏)။

လေးခုမြောက်သော ပိဋ္ဌဓီတလိကပေတ၀တ္ထု ပြီး၏။
ပိဋ္ဌဓီတလိကပေတ၀တ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထုပါဠိတော်။