နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, August 21, 2008

ဒုက္ခ၀ိဟာရသုတ်-

ဒုက္ခ၀ိဟာရသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘ၀၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက် စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘ၀သို့သာ ရောက်လိမ့် မည်ဟု မျှော်လင့်အပ်၏။

အဘယ် နှစ်ပါးတို့နည်းဟူမူ...

ဣနြေ္ဒတို့၌ ပိတ်ဆို့မထားသော တံခါးရှိသည်၏ အဖြစ်နှင့် လည်းကောင်း၊
စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည် မသိသည်၏ အဖြစ်နှင့် လည်းကောင်းတည်း။

ရဟန်းတို့
ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသောရဟန်းသည် ယခုဘ၀၌ပင် ပင်ပန်းခြင်းပြင်းစွာ ပင်ပန်းခြင်း ပူလောင်ခြင်းရှိသည် ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ မကောင်းသောလားရာ ဒုဂ္ဂတိဘ၀သို့သာ ရောက်လိမ့်မည် ဟု မျှော်လင့်အပ်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌
ဤအနက် သဘောကို ...
{{အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ပိတ်ဆို့မထား၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို မသိ၊ ဣနြေ္ဒတို့၌ မစောင့် ရှောက်၊ ထိုရဟန်းသည် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဟူသော ဆင်းရဲကိုရ၏။

ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌ လည်းကောင်း၊ ညဥ့်၌ လည်းကောင်း ပူလောင်သော ကိုယ်ပူလောင်သော စိတ်ဖြင့် ဆင်းရဲစွာနေရ၏}}ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၁ - ဒုက္ခ၀ိဟာရသုတ်၊ အဌမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။