နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, March 21, 2009

ဝဋ်ဆင်းရဲမှ မလွတ်နိုင်သူနှင့် လွတ်နိုင်သူ...

ဒုတိယာဘိနန္ဒသုတ်-
ဝဋ်ဆင်းရဲမှ မလွတ်နိုင်သူနှင့် လွတ်နိုင်သူ...

ရဟန်းတို့ ...
အကြင်သူသည် အဆင်းတို့ကို နှစ်သက်၏၊
ထိုသူသည် ဆင်းရဲကို နှစ်သက်၏။
အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊
ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။

အကြင်သူသည်
အသံတို့ကို နှစ်သက်၏၊
ထိုသူသည် ဆင်းရဲကို နှစ်သက်၏။
အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊
ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။

အနံ့တို့ကို နှစ်သက်၏၊
ထိုသူသည် ဆင်းရဲကို နှစ်သက်၏။
အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊
ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။

အရသာတို့ကို နှစ်သက်၏၊
ထိုသူသည် ဆင်းရဲကို နှစ်သက်၏။
အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊
ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။

အထိအတွေ့တို့ကို နှစ်သက်၏၊
ထိုသူသည် ဆင်းရဲကို နှစ်သက်၏။
အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊
ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။

သဘောတရားတို့ကို နှစ်သက်၏၊
ထိုသူသည် ဆင်းရဲကို နှစ်သက်၏။
အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊
ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။



ရဟန်းတို့ ...
အကြင်သူသည်ကား အဆင်းတို့ကို မနှစ်သက်၊
ထိုသူသည် ဆင်းရဲကို မနှစ်သက်။
အကြင်သူသည် ဆင်းရဲ ကို မနှစ်သက်၊
ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏။

အကြင်သူသည်
အသံတို့ကို...။ပ။ အနံ့တို့ကို...။ပ။ အရသာတို့ကို...။ပ။ အထိအတွေ့တို့ကို...။ပ။

သဘောတရားတို့ကို မနှစ်သက်၊
ထိုသူသည် ဆင်းရဲကို မနှစ်သက်။
အကြင်သူသည် ဆင်းရဲကို မနှစ်သက်၊
ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါဆို၏ ဟု မိန့်တော်မူ၏။

၈ - ဒုတိယာဘိနန္ဒသုတ်၊ ယမက၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။