နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, January 6, 2009

ဓမ္မာနုဓမ္မပဋိပန္နသုတ်-

ဓမ္မာနုဓမ္မပဋိပန္နသုတ်-

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည် လောကုတ္တရာတရား ကိုးပါးအား လျော်သောအကျင့်ကို ကျင့်သော ရဟန်းအား ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဟု ပြောကြားရန် ဤအလျော် သဘောသည် ဖြစ်ပေါ်လာ၏၊

ထိုဓမ္မာနု ဓမ္မပဋိပန္န ရဟန်းသည် ပြောဆိုသည် ရှိသော်...
တရားနှင့်စပ်ယှဉ်သော စကားကိုသာလျှင် ပြောဆို၏၊
တရားနှင့် မစပ်ယှဉ်သော စကားကို မပြောဆို၊
ကြံစည်သည်ရှိသော် တရားနှင့်စပ်ယှဉ်သော အကြံအစည်ကိုသာလျှင် ကြံစည်၏၊
တရားနှင့်မစပ်ယှဉ်သော အကြံအစည်ကို မကြံစည်၊
ထိုပြောဆိုမှု ကြံစည်မှု နှစ်ပါးစုံကို မပြုမူ၍ နေသည်ရှိသော်
အောက်မေ့မှု'သတိ' ဆင်ခြင်ဉာဏ်'သမ္ပဇဉ်' ရှိသည်ဖြစ်၍ လျစ်လျူရှုလျက်နေ၏၊
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
''တရားလျှင် မွေ့လျော်ရာရှိသော တရား၌ မွေ့လျော်တတ်သော တရားကို ကြံစည်တတ်သော တရားကို အစဉ်အောက်မေ့သော ရဟန်းသည် သူတော် ကောင်း တရားမှမဆုတ်ယုတ်။ သွားသော်လည်းကောင်း၊ ရပ်သော်လည်းကောင်း၊ ထိုင်သော် လည်းကောင်း၊ အိပ်သော် လည်းကောင်း ကမ္မဋ္ဌာန်း အာရုံ၌ စိတ်ကို ကိလေသာတို့မှ ငြိမ်းအေးစေသော ရဟန်းသည် ငြိမ်းအေးရာ (နိဗ္ဗာန်)သို့သာလျှင် ရောက်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း-
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၇ - ဓမ္မာနုဓမ္မပဋိပန္နသုတ်၊ စတုတ္ထဝဂ်၊ ဣတိဝုတ်ပါဠိတော်။