နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, January 7, 2009

လူတို့၏ အကျင့် သီလ ဒေသနာ-

လူတို့၏ အကျင့် သီလ ဒေသနာ-

မြတ်စွာဘုရား မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် လူတို့၏ သီလအကျင့်၌ တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ် ပါ၏။

မြတ်စွာဘုရား ဤလောက၌ အချို့သူသည် မှန်သောစကား ရှိသည်လည်း ဖြစ်ရာ ၏၊ သဒ္ဓါနှင့် ပြည့်စုံသည်လည်း ဖြစ်ရာ၏၊ လာဘ်အလို့ငှါ အံ့ဖွယ်ကိုလည်း မဖြစ် စေတတ်၊ မြှောက်ပင့်၍လည်း မပြောတတ်၊ အရိပ်အခြည်လည်း မပြတတ်၊ အတင်းအကြပ်လည်း မပြုတတ်၊ လာဘ်ဖြင့် လာဘ်ကိုလည်း မရှာမှီးတတ်၊ ဣနြေ္ဒ တို့၌ ပိတ်ထားသော တံခါးရှိ၏၊ အစာ၌ အတိုင်းအရှည်ကို သိ၏၊ ကိုယ် နှုတ် နှလုံး
သုံးပါးလုံးဖြင့် ဖြောင့်မတ်စွာ ကျင့်လေ့ရှိ၏၊ နိုးကြားခြင်းငှါ ဘာဝနာနှင့် အမြဲယှဉ် လျက် နေ၏၊ ပျင်းရိထိုင်းမှိုင်းခြင်း မရှိ၊ ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိ၏၊ ဈာန်ဝင်စားလေ့ရှိ၏၊ သတိရှိ၏၊ သာယာသော စကားရှိ၏၊ မရောက်သေးသော တရားကို ရောက်စေနိုင်သော ပညာရှိ၏၊ သင်ဖူး ကြားဖူးသော တရားကိုဆောင် စွမ်းနိုင်သော ပညာရှိ၏၊ ချိန်ဆနိုင်သော ပညာရှိ၏၊ ကာမတို့၌ မတပ်မက်၊ သတိ နှင့် လည်း ပြည့်စုံ၏၊ ရင့်ကျက်သော ပညာနှင့်လည်း ပြည့်စုံ၏။

မြတ်စွာဘုရား လူတို့၏ သီလအကျင့်၌ ...
ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

လူတို့၏ အကျင့် သီလ ဒေသနာ၊ သမ္ပသာဒနီယသုတ်၊ ပါထိကဝဂ်၊ ဒီဃနိကာယ်။