နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, January 25, 2009

(၄) နာမ်ရုပ်

(၄) နာမ်ရုပ်

ထိုအင်္ဂါ၁၂-ပါးတို့တွင် အဘယ်သည် သိမှု'ဝိညာဏ်'ဟူသော အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ် မည်သနည်း။

နာမ်သည် ရှိ၏၊
ရုပ်သည် ရှိ၏။

ထိုနာမ်ရုပ်တွင် အဘယ်သည် နာမ် မည်သနည်း။
ခံစားမှု အစု 'ဝေဒနာက္ခန္ဓာ'၊
မှတ်သားမှု အစု 'သညာက္ခန္ဓာ'၊
ပြုပြင်မှု အစု 'သင်္ခါရက္ခန္ဓာ' သည် ရှိ၏၊
ဤသဘောကို နာမ်ဟု ဆိုအပ်၏။

ထိုနာမ်ရုပ်တွင် အဘယ်သည် ရုပ် မည်သနည်း။
မဟာဘုတ်လေးပါးတို့သည်လည်းကောင်း၊
မဟာဘုတ်လေးပါးတို့ကို မှီ၍ဖြစ်သော ရုပ်သည် လည်းကောင်း ရှိ၏၊
ဤသဘောကို ရုပ်ဟု ဆိုအပ်၏။
ဤဆိုခဲ့ပြီးသော နာမ်ကိုလည်းကောင်း၊
ဤဆိုခဲ့ပြီးသော ရုပ်ကိုလည်းကောင်း သိမှု 'ဝိညာဏ်'ဟူသော
အကြောင်းကြောင့်ဖြစ်သော နာမ်ရုပ်ဟု ဆိုအပ်၏။

ပဋိစ္စသမုပ္ပါဒ်သုတ္တန်နည်း-မှ၊ ဝိဘင်္ဂင်္ပါဠိတော်၊ အဘိဓမ္မာပိဋက။

ဝိညာဏ်------သဠာယတန