နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, January 11, 2009

ကံ-ကံ၏အကျိုး မရှိဟူသော အယူ-

ပါယာသိသုတ် (အပိုင်း-၂)

ကံ-ကံ၏အကျိုး မရှိဟူသော အယူ-

တစ်ခုသော နေရာ၌ ထိုင်ပြီးသော်
ပါယာသိမြို့စားသည် အသျှင်ကုမာရကဿပ အား ဤစကားကို လျှောက်၏-

''အသျှင်ကဿပ အကျွန်ုပ်သည် ဤသို့ဆိုလေ့ရှိ၏၊ ဤသို့ယူလေ့ရှိပါ၏၊ 'ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ'ဟု ယူလေ့ရှိပါသည်'' ဟူ၍ (လျှောက်၏)။

မြို့စား ငါသည် ဤသို့ ဆိုလေ့ရှိသောသူ ဤသို့ ယူလေ့ရှိသော သူကို မြင်လည်း မမြင်စဖူး ကြားလည်း မကြားစဖူး ''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ'' ဟု အဘယ့်ကြောင့် ဆိုသနည်း။

ပါယာသိသုတ်၊ မဟာဝဂ်ပါဠိတော်၊ ဒီဃနိကာယ်။

ဆက်မည်- လနေဥပမာ --->