နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, January 24, 2009

သတ္တပုတ္တခါဒပေတဝတ္ထု- သား ၇-ယောက်ကို စားရသော..

သတ္တပုတ္တခါဒပေတဝတ္ထု- (သတတ္တ=၇-ခု။ ပုတ္တ=သား။ ခါဒ=စားသည်)

လင်တူမိန်းမက မယားငယ် ကိုယ်ဝန်ရှိခိုက် ကိုယ်ဝန်ကို ချခဲ့ရာ သွေးပြည်ဖြစ်၍ ကျခဲ့၏။ အမှုပေါ်သောအခါ ''သား၏ အသားကို စားရစေသား'' ဟု ကျိန်ဆို ခဲ့ သော မုသားကြောင့် သေသောအခါ နံနက် သားခုနှစ်ယောက် ညနေချမ်း သား ခုနှစ်ယောက်တို့ကို စားသောက်ကာ အစဉ်ဆာလောင်နေသော ပြိတ္တာ ဖြစ်ရသူ။

သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ မကောင်းသော အနံ့ရှိသည်ဖြစ်၍ အပုပ်နံ့လှိုင်ဘိ၏၊ ယင်ကောင်တို့ဖြင့် ဝိုင်းအုံ လျက် ဤအရပ်၌ ရပ်သော သင်သည် အဘယ်သူပါနည်းဟု (သံဃာ့မဟာထေရ် က မေး၏)။၃၅

အရှင်ဘုရားတို့ အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျွမ်းဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုမိခဲ့ခြင်းကြောင့် ဤလူ့လောကမှ ပြိတ္တာလောကသို့ ရောက်ရပါ၏။၃၆

အကျွန်ုပ်သည် နံနက်ကာလ၌ သားခုနစ်ယောက်ကို လည်းကောင်း, ညနေချမ်း အခါ၌ အခြားသားခုနစ်ယောက်တို့ကို လည်းကောင်း ဖွားမြင်ပြီးလျှင် (ထိုသားတို့ ကို) ခဲစားရပါ၏၊ ထိုသားတစ်ဆယ့် လေးယောက်တို့ပင်သော်လည်း အကျွန်ုပ်အား (ဆာလောင်မွတ်သိပ်မှုကို ပယ်ဖျောက်ရန်) မစွမ်းနိုင်ပါ။၃၇

အကျွန်ုပ်၏ နှလုံးသားသည် ဆာလောင်ခြင်းဖြင့် ပူလောင်ပါ၏၊ အခိုးတထောင်း ထောင်း ထသကဲ့သို့ ဖြစ်ပါ၏၊ နေပူ၍ မီးလောင်သကဲ့သို့ ငြိမ်းအေးခြင်းကို မရခဲ့ပါဟု (လျှောက်၏)။၃၈

သင်သည် ကိုယ်ဖြင့် လည်းကောင်း, နှုတ်ဖြင့် လည်းကောင်း, စိတ်ဖြင့် လည်း ကောင်း အဘယ် မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မွေးဖွားသော သားတို့၏ အသားတို့ကို စားရဘိသနည်းဟု (မေး၏)။၃၉

အရှင်ဘုရား အကျွန်ုပ်အား သားနှစ်ယောက် ရှိပါ၏၊၊ သားနှစ်ယောက်တို့သည် အရွယ်သို့ရောက်ပါကုန်၏၊ ထိုတပည့်တော်မသည် သားတည်းဟူသော အားနှင့် ပြည့်စုံ၍ လင်ကို မထီမဲ့မြင် ပြုခဲ့ပါ၏။၄၀

ထို့ကြောင့် အကျွန်ုပ်၏ လင်သည် စိတ်ဆိုး၍ မယားအငယ်ကို ဆောင်ယူခဲ့ပါ၏၊ ထိုလင်တူ မိန်းမမယားငယ်သည်လည်း ကိုယ်ဝန်ကို ရခဲ့ပါ၏၊ ထိုလင်တူမိန်းမ၏ မယားငယ် အပေါ်၌ ယုတ်မာသော အမှုကို အားထုတ်ခဲ့ပါ၏။၄၁

ထိုအကျွန်ုပ်သည် ပြစ်မှားသော စိတ်ဖြင့် ကိုယ်ဝန်ချခြင်းကို ပြုခဲ့ပါ၏။ ထိုလင်တူ မိန်းမ မယားငယ်၏ သုံးလရှိသော ကိုယ်ဝန်သည် သွေးပြည်ဖြစ်၍ ကျ၏။၄၂

ထိုအခါဝယ် ထိုလင်တူမိန်းမ၏ အမိသည် အကျွန်ုပ်အား အမျက်ထွက်၍ အကျွန်ုပ် ၏ ဆွေမျိုးတို့ကို စုဝေးစေပါ၏၊ အကျွန်ုပ်၏ ကျိန်စာဆိုခြင်းကိုလည်း ပြုစေခဲ့ပါ၏၊ အကျွန်ုပ်ကို ဘေးဖြင့်လည်း ကြောက်မက်ဖွယ်ရာ ကျိန်ဆိုစေပါ၏။၄၃

ထိုအကျွန်ုပ်သည် ''အကယ်၍ ထိုကိုယ်ဝန်ချခြင်းကို ငါ ပြုမိသည် ဖြစ်ပါမူ ငါ့သား ၏ အသားတို့ကို ခဲစားရပါစေသား''ဟု ကြမ်းတမ်းသော ကျိန်စာကို လည်းကောင်း, မုသားစကားကို လည်းကောင်း ဆိုခဲ့ပါ၏။၄၄

ထို(ကိုယ်ဝန်ချသောပါဏာတိပါတ) ကံ၏ လည်းကောင်း, မုသားစကား ပြောဆို ခြင်း၏ လည်းကောင်း နှစ်ပါးစုံသော ကံအကျိုးကြောင့် သွေးပြည်တို့ဖြင့် လိမ်းကျံ သော မွေးဖွားသောသား၏ အသားတို့ကို ခဲစားရပါ၏ ဟု လျှောက်ထား၏။

၇ - သတ္တပုတ္တခါဒပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထု။ ခုဒ္ဒကနိကာယ်။