နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, January 29, 2009

ပိဋ္ဌဓီတလိကာ- (မုံ့ညက်ယမင်းရုပ်)

ပိဋ္ဌဓီတလိကပေတဝတ္ထု- (ပိဋ္ဌဓီတလိကာ=မုံ့ညက်ယမင်းရုပ်)

သေပြီးသူကိုဖြစ်စေ အိမ်စောင့်နတ်စသည်ကို အကြောင်းပြု၍ ဖြစ်စေ နတ်မင်း ကြီးလေးပါးကို အကြောင်းပြု၍ ဖြစ်စေ လှူဒါန်းခဲ့လျှင် သေသူကို ပူဇော်သည် မည်ကြောင်း ကောင်းကျိုးခံစားရကြောင်း-

နှမြောဝန်တိုမှု မရှိသူသည် မင်္ဂလာစသည်တို့တွင် တစ်စုံတစ်ခုကို အကြောင်းပြု၍ ဖြစ်စေ၊ သေပြီးသူတို့ကို အကြောင်းပြု၍ ဖြစ်စေ၊ ထိုမှတစ်ပါး အိမ်စောင့်နတ် စသည်တို့ကို အကြောင်းပြု၍ ဖြစ်စေ ကုဝေရနတ်, ဓတရဋ္ဌနတ်, ဝိရူပက္ခနတ်, ဝိရူဠကနတ်ဟူသော လောကကို စောင့်ရှောက်ကုန်သော များသော အခြံအရံ ရှိကုန်သော နတ်မင်းကြီးလေးယောက်တို့ကို အကြောင်းပြု၍ဖြစ်စေ အလှူဒါနကို ပေးလှူရာ၏၊ ဤသို့ ပေးလှူသည်ရှိသော် နတ်မင်းကြီး လေးယောက် အိမ်စောင့် နတ်စသည်နှင့် သေလွန်ပြီး သူတို့ကိုလည်း ပူဇော်အပ်သည် မည်ကုန်၏၊
ပေးလှူသူ ဒါယကာတို့သည်လည်း အကျိုးကြီးကုန်၏။

ငိုကြွေးခြင်းသည် လည်းကောင်း, စိုးရိမ်ပူဆွေးခြင်းသည် လည်းကောင်း, ထိုမှ တစ်ပါးသော အကြင် ပြောဆိုမြည်တမ်းခြင်းသည် လည်းကောင်း ပြိတ္တာတို့၏ အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည်ကား ငိုကြွေးနေကြကုန်၏။

(တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူးလျက်) ပေးလှူအပ်သော အလှူသည် သံဃာ၌ ကောင်းစွာ တည်သည်ဖြစ်၍ ကာလရှည်မြင့်စွာ စီးပွားချမ်းသာဖြစ်ခြင်း အကျိုးငှါ ထိုပြိတ္တာထံသို့ တစ်ခဏချင်း ကပ်ရောက်၏ဟု (မြတ်စွာဘုရား ဟော တော်မူ၏)။

၎ - ပိဋ္ဌဓီတလိကပေတဝတ္ထု၊ ဥရဂဝဂ်၊ ထေရာပဒါန်၊ ခုဒ္ဒကပါဠိတော်။