နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, March 1, 2009

အမိဝမ်း၌ ပဋိသန္ဓေယူပုံ ဒေသနာ...

အမိဝမ်း၌ ပဋိသန္ဓေယူပုံ ဒေသနာ...

မြတ်စွာဘုရားသည် အမိဝမ်းဝယ် ပဋိသန္ဓေနေခြင်းတို့၌ တရားကို ဟောတော်မူ၏၊
ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ မြင့်မြတ်ပါ၏၊
မြတ်စွာဘုရား အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတို့သည် ဤလေးပါးတို့တည်း။

၁...
မြတ်စွာဘုရား ဤလူ့ပြည်၌ အချို့သူသည်
မသိမူ၍ (တွေဝေလျက်) အမိဝမ်းသို့ သက်ဝင်၏၊
မသိမူ၍ (တွေဝေလျက်) အမိဝမ်း၌ တည်နေ၏၊
မသိမူ၍ (တွေဝေ လျက်) အမိဝမ်းမှ ထွက်ခွါ၏၊
ဤသည် ကား ရှေးဦးစွာ အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတည်း။

၂...
မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သူသည်
သိလျက် (မတွေဝေမူ၍) အမိဝမ်းသို့ သက်ဝင်၏၊
မသိမူ၍ (တွေဝေလျက်) အမိဝမ်း၌ တည်နေ၏၊
မသိမူ၍ (တွေဝေလျက်) အမိဝမ်းမှ ထွက်ခွါ၏၊
ဤသည်ကား နှစ်ကြိမ်မြောက် အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတည်း။

၃...
မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သူသည်
သိလျက် (မတွေဝေမူ၍) အမိဝမ်းသို့ သက်ဝင်၏၊
သိလျက် (မတွေဝေမူ၍) အမိဝမ်း၌ တည်နေ၏၊
မသိမူ၍ (တွေဝေလျက်) အမိဝမ်းမှ ထွက်ခွါ၏၊
ဤသည်ကား သုံးကြိမ်မြောက် အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတည်း။

၎...
မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သူသည်
သိလျက် (မတွေဝေမူ၍) အမိဝမ်းသို့ သက်ဝင်၏၊
သိလျက် (မတွေဝေမူ၍) အမိဝမ်း၌ တည် နေ၏၊
သိလျက် (မတွေဝေမူ၍) အမိဝမ်းမှ ထွက်ခွါ၏၊
ဤသည်ကား လေးကြိမ်မြောက် အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတည်း။

မြတ်စွာဘုရား အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတို့၌
ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ မြင့်မြတ်ပါ၏။

အမိဝမ်း၌ ပဋိသန္ဓေယူပုံ ဒေသနာ၊
သမ္ပသာဒနီယသုတ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။