ခဂ္ဂဝိသာဏသုတ်- (ကြံ့ချို)
၁...
ထိုအရှင်သည်...
သတ္တဝါအားလုံးတို့၌ ဒဏ်မထားမူ၍ ထိုသတ္တဝါတို့တွင် တစ်ယောက်ယောက်ကိုမျှ လည်း မညှဉ်းဆဲဘဲ ပစ္စေက ဗောဓိဉာဏ်ကိုရ၏၊ ထိုပစ္စေက ဗုဒ္ဓါအသျှင်သည် သားသမီးကိုသော်လည်း အလိုမရှိပေ၊ အပေါင်း အဖော်ကိုမူကား အဘယ်မှာ အလိုရှိပါတော့မည်နည်း၊ (ထို့အတူ သူတော်ကောင်းသည်) ကြံ့ချိုပမာ တစ် ယောက်တည်း ကျင့်ရာ၏။
၂...
ရောနှောစပ်ယှက်မှု 'သံသဂ္ဂ' ဖြစ်နေသူအား ချစ်ခင်မှု 'သ္နေဟ' ဖြစ်ရသည့် အပြင်ချစ်ခင်မှု 'သ္နေဟ'သို့ အစဉ်လိုက်သော ဤဆင်းရဲ အမျိုးမျိုးဖြစ်ရ၏၊ ထို့ ကြောင့် ချစ်ခင်မှု 'သ္နေဟ' ကြောင့် ဖြစ်သော အပြစ်ကို ဉာဏ်ဖြင့် ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၃...
အဆွေခင်ပွန်းတို့ကို လည်းကောင်း ချစ်ကျွမ်းဝင်သူတို့ကို လည်းကောင်း အစဉ် သနားသည်ဖြစ်၍ ထိုသူတို့၌ နှစ်သက်နှောင်ဖွဲ့သော စိတ်ရှိသူသည် အကျိုး စီးပွါး အားလုံးကို ဆုတ်ယုတ်စေ၏၊ ထို့ကြောင့် ပေါင်းသင်း ဆက်ဆံမှု၌ ဤအကျိုး ဆုတ်ယုတ်မှုဟူသောဘေးကို ဉာဏ်ဖြင့် ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက် တည်း ကျင့်ရာ၏။
၎...
ကျယ်ပြန့်သော ဝါးရုံကြီးသည် ငြိယှက်ရှုပ်ထွေးကာ တည်သကဲ့သို့သား သမီးတို့၌ လည်းကောင်း၊ မယားတို့၌ လည်းကောင်း ငဲ့ကွက်မှု ချစ်ခြင်း တဏှာသည် ထိုသားသမီးစသည်တို့၌ ငြိကပ်တွယ်တာ၏၊ ထို့ကြောင့် ဝါးရုံ၏ အလယ်၌ ပေါက်သစ်စဖြစ်သော ဝါးမျှစ်စို့သည် မငြိမတွယ် တည်သကဲ့သို့ ထို့အတူ မငြိကပ် မတွယ်တာဘဲ ကြံ့ချိုပမာ တစ်ယောက် တည်း ကျင့်ရာ၏။
၅...
သားသမင်သည် တောအရပ်၌ အနှောင်အဖွဲ့ မရှိဘဲ သွားလိုရာရာ အရပ်သို့ ကျက်စားရန် သွားနိုင်သကဲ့သို့ ပညာရှိသော ယောက်ျားသည် (သူတစ်ပါးနှင့် မစပ်ဘဲ) မိမိ အလိုဆန္ဒအတိုင်း ဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၆...
အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ထိုင်နေရာ၌သော် လည်းကောင်း၊ ရပ်တည်ရာ၌သော် လည်းကောင်း၊ သွားရာ၌သော် လည်းကောင်း၊ လှည့်လည်ရာ ၌သော် လည်းကောင်း (သူတစ်ပါးတို့) အတောင်းခံရ၏၊ (ထို့ကြောင့်) သူတစ်ပါး တို့ မမက်မောအပ်သော မိမိအလိုဆန္ဒအတိုင်း ဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၃ - ခဂ္ဂဝိသာဏသုတ်-မှ၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
သာဓု... သာဓု... သာဓု...။