နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, March 3, 2009

ခဂ္ဂဝိသာဏသုတ်- (ကြံ့ချို) ၇-၁၂

ခဂ္ဂဝိသာဏသုတ်- (ကြံ့ချို) ၇-၁၂

၇...
အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ကစားမြူးထူးခြင်းနှင့် (ကာမဂုဏ်) မွေ့လျော်ခြင်းသည် ဖြစ်၏၊ သားသမီးတို့၌လည်း ကျယ်ပြန့် များပြားသော ချစ်ခြင်း သည် ဖြစ်၏၊ ထို့ကြောင့် ချစ်သူတို့နှင့် ကွေကွင်းခြင်းကို စက်ဆုပ်သည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၈...
ဆိုးကောင်း ယုတ်မြတ်ရတတ်သမျှသော ပစ္စည်းဖြင့် နှစ်သိမ့်ရောင့်ရဲကာ အရပ် လေးမျက်နှာတို့၌ မေတ္တာဘာဝနာဖြင့် ပျံ့နှံ့စေလျက် ချမ်းသာစွာနေရသူ သတ္တဝါ တို့၌ ထိပါးမှု မရှိသူဖြစ်သည့်အပြင် အတွင်းအပ ဘေးရန်တို့ကို သည်းခံနိုင်သူ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိသူဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉...
အချို့သော ရဟန်းတို့ကို လည်းကောင်း၊ အချို့သော အိမ်နေသူလူတို့ကို လည်း ကောင်း ချီးမြှောက်ရန် ခဲယဉ်းလှကုန်၏၊ ဤသို့ သိသောကြောင့် သူတစ်ပါး သား သမီးတို့၌ ကြောင့်ကြမဲ့ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ ၏။

၁၀...
လုံ့လ ဝီရိယရှိသူသည် လူ၏အသွင်အပြင်တို့ကို ပယ်ချ၍ အရွက်ကြွေကျပြီးသော ပင်လယ် ကသစ်ပင်ကဲ့သို့ လူ၌ ဖြစ်သော အနှောင်အဖွဲ့တို့ကို ဖြတ်တောက်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁...
ရင့်ကျက်သည့် ပညာရှိသော ကောင်းစွာ နေလေ့ရှိသော ဝီရိယမလျော့သော အတူတကွ ကျင့်ဘက် မိတ်ဆွေကောင်းကို ရနိုင်ခဲ့မူ ထိုမိတ်ဆွေကောင်းနှင့် ဝမ်းမြောက်ဝမ်းသာ သတိရှိသည်ဖြစ်၍ အတွင်းအပဘေးရန် အားလုံးတို့ကို လွှမ်း မိုးလျက် ကျင့်ရာ၏။

၁၂...
ရင့်ကျက်သော ပညာရှိသော ကောင်းစွာနေလေ့ရှိသော ဝီရိယမလျော့သော အတူ တကွ ကျင့်ဘက် မိတ်ဆွေကောင်းကို မရခဲ့မူ မင်းသည် မိမိအောင်နိုင်ပြီးသော တိုင်းနိုင်ငံကို ပယ်စွန့်ကာ တစ်ယောက်တည်း ကျင့်သကဲ့သို့လည်းကောင်း၊ တော ၌ မာတင်္ဂမည်သော ဆင်ပြောင်ကြီးသည် တစ်ကောင်တည်း လှည့်လည်သကဲ့သို့ လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏။

၃ - ခဂ္ဂဝိသာဏသုတ်-မှ၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။