နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 6, 2009

အဆက်အသွယ် ပြုခြင်း...

သန္ထာရဝဂ်-၁၅၃၊

ရဟန်းတို့ အစေ့အစပ် အဆက်အသွယ် ပြုခြင်းတို့့သည် ဤနှစ်မျိုးတို့တည်း။

အဘယ် နှစ်မျိုး တို့နည်းဟူမူ -

၁။ ပစ္စည်းဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်း
'အာမိသပဋိသန္ထာရ' လည်းကောင်း၊
၂။ တရားဖြင့် အစေ့အစပ် အဆက်အသွယ်ပြုခြင်း
'ဓမ္မပဋိသန္ထာရ' လည်းကောင်းတို့တည်း။

ရဟန်းတို့ အစေ့အစပ် အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ အစေ့အစပ် အဆက် အသွယ် ပြုခြင်း နှစ်မျိုးတို့တွင် အကြင် တရားဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်းသည် ရှိ၏၊

ထိုတရားဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၂)

သန္ထာရဝဂ်-၁၅၃၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။