စတုက္ကပုဂ္ဂလပညတ် မှ...
၁...
'မဆိုင်းမလင့်' မဆိုတတ်သော ပုဂ္ဂိုလ် ...
သင့်လျော်စွာ ဆိုတတ်၍
လွတ်လွတ် 'မဆိုင်းမလင့်' မဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် သင့်လျော်သည်ကို ဆိုတတ်၏၊ လျင်မြန်စွာ မဆိုတတ်၊ ဤပုဂ္ဂိုလ်ကို သင့်လျော်စွာ ဆိုတတ်၍ လွတ်လွတ် 'မဆိုင်းမလင့်' မဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။152
၂...
လွတ်လွတ်ဆိုတတ်၍ သင့်လျော်စွာ မဆိုတတ်သော ပုဂ္ဂိုလ်...
လွတ်လွတ်ဆိုတတ်၍
သင့်လျော်စွာ မဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် (ပြဿနာ၏အဆုံး၌) လျင်မြန်စွာ ဆိုတတ်၏၊ သင့်လျော်သည်ကို မဆိုတတ်၊ ဤပုဂ္ဂိုလ်ကို လွတ်လွတ်ဆိုတတ်၍ သင့်လျော်စွာ မဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။153
၃...
သင့်လျော်စွာလည်းဆိုတတ် လွတ်လွတ်လည်း ဆိုတတ်သော ပုဂ္ဂိုလ်...
သင့်လျော်စွာလည်း ဆိုတတ်
လွတ်လွတ်လည်း ဆိုတတ်သော ပုဂ္ဂိုလ် ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် သင့် လျော်သည်ကိုလည်း ဆိုတတ်၏၊ လျင်မြန်စွာလည်း ဆိုတတ်၏၊ ဤပုဂ္ဂိုလ်ကို သင့်လျော်စွာလည်းဆိုတတ် လွတ်လွတ်လည်း ဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ် ၏။154
၎...
သင့်လျော်စွာလည်း မဆိုတတ်၊ လွတ်လွတ်လည်း မဆိုတတ်သော ပုဂ္ဂိုလ်...
သင့်လျော်စွာလည်း မဆိုတတ်
လွတ်လွတ်လည်း မဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် သင့် လျော်သည်ကိုလည်း မဆိုတတ်၊ လျင်မြန်စွာလည်း မဆိုတတ်၊ ဤပုဂ္ဂိုလ်ကို သင့်လျော်စွာလည်း မဆိုတတ်၊ လွတ်လွတ်လည်း မဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။155
၎ - စတုက္ကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
သာဓု... သာဓု... သာဓု...။