နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, April 3, 2009

ဖောက်ပြန်ခြင်းသို့ရောက်သည်... ဗျာပန္နသုတ် ...

ဗျာပန္နသုတ် (ဖောက်ပြန်ခြင်းသို့ရောက်သည်)

တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်-

ဒါယကာ စိတ် ပျက်စီးလျှင် ...
ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံသည်လည်း ပျက်စီး၏၊ မနောကံသည် လည်း ပျက်စီး၏၊ ကာယကံ ဝစီကံ မနောကံ ပျက်စီးသူအား ကောင်းသော သေ ခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။ ဒါယကာ အထွတ်တပ် သော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်သည်လည်း ပျက်စီး၏၊ အခြင် သည်လည်း ပျက်စီး၏၊ နံရံသည်လည်း ပျက်စီး၏၊

ဒါယကာ ...
ဤအတူပင်လျှင် -ပ- ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ စိတ်မပျက်စီးလျှင် ...
ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံ သည် လည်း မပျက်စီး၊ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေ ခြင်း ဖြစ်နိုင်၏။ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။ ဒါယကာ အထွတ်တပ် သော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်သည်လည်း မပျက်စီး၊ အခြင်တို့ သည်လည်း မပျက်စီး ကုန်၊ နံရံသည်လည်း မပျက်စီး။

ဒါယကာ ဤအတူပင်လျှင် စိတ်မပျက်စီးလျှင် ကာယကံ သည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံ သည်လည်း မပျက်စီး၊ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏'' ဟု (မိန့်တော်မူ၏)။111

၈ - ဗျာပန္နသုတ်၊ သမ္ဗောဓ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။