နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 6, 2009

ကြီးပွါးခြင်း...

သန္ထာရဝဂ်-၁၆၀

ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်းဖြင့် ကြီးပွါးခြင်း 'အာမိသဝုဒ္ဓိ' လည်းကောင်း၊
၂။ တရားဖြင့် ကြီးပွါးခြင်း 'ဓမ္မဝုဒ္ဓိ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤကြီးပွါးခြင်း နှစ်မျိုးတို့တွင် အကြင်တရားဖြင့် ကြီးပွါးခြင်းသည် ရှိ၏၊
ထိုတရားဖြင့် ကြီးပွါးခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။(၉)

သန္ထာရဝဂ်-၁၆၀၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။