နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, April 7, 2009

သားသမီးတို့ဖြင့် နှစ်သက်ရ၏...

နန္ဒတိသုတ် - (နှစ်သက်ရ၏)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရား ၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏-

သားသမီးများစွာ ရှိသူသည် သားသမီးတို့ဖြင့် နှစ်သက်ရ၏၊
ထို့အတူသာလျှင် နွားများစွာ ရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊
လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ 'ဥပဓိ'တို့ဖြင့် နှစ်သက်ရ၏၊
အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ 'ဥပဓိ' မရှိ၊
ထိုသူသည် မနှစ်သက်ရသည်သာတည်း''ဟု ရွတ်ဆို၏။

ထိုအခါ မြတ်စွာဘုရားမှ…
သားသမီးများစွာ ရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊
နွားများစွာ ရှိသူသည် နွားတို့ဖြင့်စိုးရိမ်ရ၏၊
လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ 'ဥပဓိ'တို့ဖြင့် စိုးရိမ်ရ၏၊
အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ 'ဥပဓိ' မရှိ၊
ထိုသူသည် မစိုးရိမ်ရသည်သာတည်း ဟု (မိန့်တော်မူ၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် …
''မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏'' ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။144

၈ - နန္ဒတိသုတ်၊ ပထမဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။