နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, April 7, 2009

မထိုက်တန်သူ... ထိုက်တန်သူ...

ဝေါရောပိတသုတ်

ရဟန်းတို့ …
တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို ကြားနာရသော် လည်း ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောဟု ဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန် မထိုက်တန်။

အဘယ် ခြောက်မျိုး တို့နည်း ဟူမူ…

၁။ အမိရင်းကို သတ်၏၊
၂။ အဖရင်းကို သတ်၏၊
၃။ ရဟန္တာကို သတ်၏၊
၎။ မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးကို ဖြစ်စေ၏၊
၅။ သံဃာကို သင်းခွဲ၏၊
၆။ ပညာမဲ့လျက် မိုက်မဲဆွံ့အ၏။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို ကြားနာရသော်လည်း ကုသိုလ် တရားတို့၌ မဖောက်ပြန်သော သဘောဟု ဆိုအပ်သော နိယာမ(မဂ်)သို့ သက်ဝင်ရန်မထိုက်တန်။

ရဟန်းတို့ …
တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို ကြားနာရသည် ရှိသော် ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောဟု ဆိုအပ်သော နိယာမ(မဂ်) သို့ သက်ဝင်ရန် ထိုက်တန်၏။

အဘယ် ခြောက်မျိုးတို့နည်း ဟူမူ…

၁။ အမိရင်းကို မသတ်၊
၂။ အဖရင်းကို မသတ်၊
၃။ ရဟန္တာကို မသတ်၊
၎။ မြတ်စွာဘုရားအား ပြစ်မှားလိုသောစိတ်ဖြင့် သွေးကို မဖြစ်စေ၊
၅။ သံဃာကို သင်းမခွဲ၊
၆။ ပညာရှိ၍ မိုက်မဲဆွံ့အသူ မဟုတ်။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို ကြား နာရသည်ရှိသော် ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောဟု ဆိုအပ်သော နိယာမ(မဂ်)သို့ သက်ဝင်ရန် ထိုက်တန်၏ ဟု (မိန့်တော်မူ၏)။87

၃ - ဝေါရောပိတသုတ်၊ သီတိဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။