နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 13, 2009

အတ္တဟိတသုတ်- (မိမိအကျိုး)

အတ္တဟိတသုတ်- (မိမိအကျိုး)

ရဟန်းတို့ ...
လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။
အဘယ် လေးမျိုးတို့နည်း ဟူမူ-

မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါး အကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ သူတစ်ပါး အကျိုးစီးပွါးအလို့ငှါ ကျင့်၍ မိမိအကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ မိမိအကျိုး စီးပွါးအလို့ငှါလည်း မကျင့်, သူတစ်ပါး အကျိုးစီးပွါး အလို့ငှါလည်း မကျင့်သော ပုဂ္ဂိုလ်၊ မိမိအကျိုးစီးပွါး အလို့ငှါလည်း ကျင့်, သူတစ်ပါး အကျိုးစီးပွါး အလို့ငှါလည်း ကျင့်သော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။98

၈ - အတ္တဟိတသုတ်၊ အသုရ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။