နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 13, 2009

ယခုဘဝ၌လည်း အချင်းချင်း ...

စာကို အကျယ်ဖတ်ရပါမည်...
ဒုတိယ သမဇီဝီသုတ်- (မျှတသော အသက်မွေးမှုရှိသည်)

ရဟန်းတို့ ...
လင်မယား
နှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုကုန်, နောင် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုကုန်ငြားအံ့၊ လင်မယားနှစ်ဦးလုံးတို့ သည်ပင် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလ၊ တူမျှသော စွန့်ကြဲ ခြင်း 'စာဂ'၊ တူမျှသော ပညာ ရှိကုန်ရာ၏၊ (ယင်းသို့ ဖြစ်သည်ရှိသော်) ထို လင်မယားနှစ်ဦးတို့သည် မျက်မှောက်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ့ ဟု (မိန့်တော်မူ၏)။

လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကား
အဓိပ္ပါယ်ကိုလည်း သိကုန်၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းကြကုန်၏၊ ထို လင်မယား နှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြ ကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။

တူမျှသော သီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံး မသာ ဖွယ် ဖြစ်ကုန်၏။ တူမျှသောသီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့သည် ဤလူ့ ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည်လောက၌ အလုံးစုံသော ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။56

၆ - ဒုတိယ သမဇီဝီသုတ်၊ ပုညာဘိသန္ဒ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။