နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 6, 2009

ရှာမှီးခြင်း-၂...

သန္ထာရဝဂ်-၁၅၅၊

ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ-

၁။ ပစ္စည်းကို ထက်ဝန်းကျင် ရှာမှီးခြင်း 'အာမိသပရိယေသနာ' လည်းကောင်း၊
၂။ တရားကို ထက်ဝန်းကျင် ရှာမှီးခြင်း 'ဓမ္မပရိယေသနာ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤထက်ဝန်းကျင် ရှာမှီးခြင်း နှစ်မျိုးတို့တွင် အကြင်တရားကို ထက်ဝန်း ကျင် ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို ထက်ဝန်းကျင် ရှာမှီးခြင်းသည် မြတ်ပေ သတည်း ဟု (မိန့်တော်မူ၏)။ (၄)

သန္ထာရဝဂ်-၁၅၅၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။